အင်ဒို-ပစိဖိတ်ဒေသမှာ ဂျာမနီက တိုးချဲ့တည်ရှိမှုကို မီးမောင်းထိုးပြရင်း မလေးရှားအစိုးရက ဂျာမန်ရေတပ်သင်္ဘော ၂ စင်းကို အောက်တိုဘာ ၁၅ ရက်မှာ အိမ်ရှင်အဖြစ် လက်ခံခဲ့ပါတယ်။
ဖရီးဂိတ်သင်္ဘော FGS ဘာဒန် ဝူတန်ဘ့ာဂ်နဲ့ ထောက်ပံ့ရေးသင်္ဘော FGS ဖရန့်ဖတ် အာမိန်းတို့ဟာ အင်ဒို-ပစိဖိတ်ဒေသ ဖြန့်ကြက်မှုအတွင်း မလေးရှားနိုင်ငံ ကလန်ဆိပ်ကမ်းမှာ ဆိုက်ကပ်ခဲ့ပါတယ်။
တောင်တရုတ်ပင်လယ်မှာ တင်းမာမှုတွေ မြင့်တက်နေချိန် နှစ်နိုင်ငံအကြား ခိုင်မာတဲ့ အင်ဒို-ပစိဖိတ် ဆက်ဆံရေးကို ဒီခရီးစဉ်က အချက်ပြနေပါတယ်။
မလေးရှားနိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်ကြီး ပီတာ ဘလိုမာယာက အင်ဒို-ပစိဖိတ်ဒေသ ရေပြင်မှာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့ ကတိကဝတ် ပြုခဲ့တယ်လို့ ကြိုဆိုဂုဏ်ပြုတဲ့ အခမ်းအနားမှာ ပြောပါတယ်။
တောင်တရုတ်ပင်လယ်ထဲက အငြင်းပွားဒေသတွေမှာ မကြာသေးမီက ထိပ်တိုက်တွေ့မှုတွေကို ရည်ညွှန်းရင်း ဖိလစ်ပိုင်မှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေအတွက် စိုးရိမ်ပါတယ်၊ တရုတ်ကို ဒီလိုလုပ်ရပ်တွေကနေ ရှောင်ကြဉ်စေချင်ပါတယ်လို့လည်း ဘလိုမာယာက ပြောခဲ့ပါတယ်။
Source-Reuters