Home
အားကစား
နည်းပြဘဝပြန်စရန် အချိန်ယူရဦးမည်ဟု အင်္ဂလန်နည်းပြဟောင်း ဆောက်ဂိတ်ပြော
DVB
·
October 11, 2024
Photo-Reuters

နည်းပြဘဝပြန်လည်စတင်ဖို့ အချိန်ယူရဦးမယ်လို့ အင်္ဂလန်အသင်းနည်းပြဟောင်း ဂါးရတ် ဆောက်ဂိတ်က ပြောသွားပါတယ်။ 

ဆောက်ဂိတ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ယူရိုပြိုင်ပွဲ ဗိုလ်လုပွဲမှာ စပိန်ကိုရှုံးနိမ့်ပြီးနောက် ရာထူးကနေ နုတ်ထွက်သွားခဲ့တာပါ။

လက်ရှိအချိန်မှာ ဥရောပ ဘောလုံးအဖွဲ့ချုပ်ရဲ့ နည်းစနစ်ပိုင်းဆိုင်ရာလေ့လာရေးအဖွဲ့မှာ ပါဝင်လုပ်ကိုင်နေတဲ့ ဆောက်ဂိတ်ဟာ အနည်းဆုံးအနေနဲ့ လာမယ့် ၂၀၂၅ ခုနှစ်အထိ နည်းပြလောကကို ပြန်ဝင်ဖို့မရှိသေးဘူးလို့ ပြောပါတယ်။

အလွန်အရေးကြီးတဲ့ တာဝန်တွေကို ထမ်းဆောင်လာခဲ့ရပြီးနောက်မှာ မိမိကိုယ်ကိုယ် ပြန်လည် အနား ပေးဖို့လိုအပ်ပြီး အဲဒီလို အချိန်ယူလုပ်ဆောင်မှသာ မှန်ကန်တဲ့ဆုံးဖြတ်ချက် ချမှတ်နိုင်မှာဖြစ်ကြောင်း နည်းပြဆောက်ဂိတ်က ပြောပါတယ်။ 

အင်္ဂလန်အသင်းကို ၂၀၁၆ ခုနှစ်ကတည်းက တာဝန်ယူခဲ့တဲ့ နည်းပြဆောက်ဂိတ်ဟာ စုစုပေါင်း၁၀၂ ပွဲကိုင်တွယ်ခဲ့ရာမှာ ၆၁ ပွဲနိုင် ၂၄ ပွဲသရေ၊ ၁၇ ပွဲရှုံး ရလဒ် ရရှိခဲ့ပါတယ်။ 

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013