Home
အားကစား
အင်္ဂလန်နည်းပြဟောင်း ဆောက်ဂိတ်ကို ခန့်အပ်ရန် အဲဗာတန် စီစဉ်
DVB
·
September 29, 2024
Photo - REUTERS/Kai Pfaffenbach

အဲဗာတန်အသင်းပိုင်ရှင်သစ်တွေဟာ အသင်းနည်းပြရာထူးအတွက် အင်္ဂလန်နည်းပြဟောင်း ဆောက်ဂိတ်ကို တာဝန်ပေးအပ်ဖို့ စီစဉ်နေပါတယ်။ 

အဲဗာတန်အသင်းကို နည်းပြချုပ် ရှောင်ဒိုက် ကတာဝန်ယူနေတာပါ။ အသင်းရဲ့ရှယ်ယာ ၉၄ ရာခိုင်နှုန်းကို  အမေရိကန်စီးပွားရေးလုပ်ငန်းတခုဖြစ်တဲ့  The Friedkin Group က ဝယ်ယူဖို့ သဘောတူညီမူရရှိထားတာပါ။ 

ပိုင်ရှင်သစ်တွေ လက်ထက်မှာ နည်းပြဆောက်ဂိတ်ကို ခန့်အပ်ဖို့ စီစဉ်လာခဲ့တာပါ။ နည်းပြဆောက်ဂိတ်ဟာ  ကလပ်အသင်းတွေထဲမှာ မစ်ဒယ်ဘရော့အသင်းကို ၂၀၀၉ ခုနှစ်က နောက်ဆုံးတာဝန်ယူခဲ့ဖူးတာဖြစ်ပြီး အဲဗာတန်ကို တာဝန်ယူခဲ့မယ်ဆိုရင် ၁၅ နှစ်အတွင်း ပထမဆုံးအကြိမ် ကလပ်အသင်းတသင်းကို တာဝန်ယူခွင့်ရရှိမှာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013