ဘာစီလိုနာအသင်းဆီ ပြန်ပြီး နည်းပြလိုင်စင်ရဖို့ လုပ်ဆောင်မယ်လို့ ကွင်းလယ်ကစားသမား အင်နီယေစတာက အတည်ပြုသွားပါတယ်။
အသက် ၄၀ နှစ်ရှိ အင်နီယေစတာဟာ လက်ရှိအချိန်မှာ ယူအေအီးပရိုလိဂ်ကလပ် အမ်းမရိတ်အသင်းမှာ ကစားနေသူဖြစ်ပြီး ၂၀၂၅ ခုနှစ်အတွင်းမှာ ကစားသမားဘဝကနေ အနားယူတော့မှာပါ။
နည်းပြသင်တန်းတွေကို စတင်လေ့လာနေပြီး ကိုယ့်ကိုယ်ကိုယ်လေ့ကျင့်ပြီး နည်းပြဘဝကို ပြောင်းလဲသွားချင်ကြောင်း အင်နီယေစတာက ပြောပါတယ်။
ဘာစီလိုနာအသင်းဆီ ပြန်ပြီး နည်းပြလိုင်စင်ရရှိဖို့ လုပ်ဆောင်သွားမှာဖြစ်ပြီး အသင်းဟောင်းဆီ ပြန်ရတဲ့ ခံစားချက်က ကျေနပ်နှစ်သက်စရာကောင်းလိမ့်မယ်လို့ အင်နီယေစတာက ပြောပါတယ်။
စပိန်ကွင်းလယ်လူဟာ ဘာစီလိုနာမှာ ၂၀၀၂ ခုနှစ်ကတည်းက စတင်ရောက်ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်အထိ စုစုပေါင်း ပွဲ ၇၀၀ နီးပါးကစားခဲ့သူ ဖြစ်ပါတယ်။