ပိုလန်ဂိုးသမားရှက်ဇနီဟာ အရေးပေါ် လူစားထိုးမှုအဖြစ် ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။
အာဆင်နယ်နဲ့ ဂျူဗင်တပ်ဂိုးသမားဟောင်းဟာ ကစားသမားဘဝကနေ အနားယူကြောင်း တရားဝင် ကြေညာထားသူပါ။
ဘာစီလိုနာအသင်းမှာ ဂိုးသမား မက်စတီဂျန်က ဒူးဒဏ်ရာကြောင့် ကာလရှည် အနားယူ ရဖို့ရှိတာ ကြောင့် အနားယူကြောင်းကြေညာပြီသား ဂိုးသမား ရှက်ဇနီကို ဘာစီလိုနာက အရေးပေါ် အစားထိုးခဲ့တာပါ။
အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ ဂိုးသမားရှက်ဇနီဟာ ဘာစီလိုနာနဲ့ တနှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး အခုတပတ်အတွင်းမှာ အပြီးသတ်စာချုပ် ချုပ်ဆိုသွားမယ်လို့သိရပါတယ်။
Photo-Reuters