ဘာစီလိုနာအသင်းအတွက် လိုအပ်ရင် ပြန်လည်ကစားပေးဖို့ အသင့်ရှိကြောင်း ဂိုးသမား ဟောင်း ဘရာဗိုက ပြောသွားပါတယ်။
ဘာစီလိုနာအသင်းဟာ စက်တင်ဘာ ၂၂ ရက်က ဗီလာရီးရဲကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ဂိုးသမား မာ့အန်ဒရီစတီဂျန်က ဒူးဒဏ်ရာရရှိခဲ့ပြီး တရာသီလုံးနီးပါးအနားယူရတော့မယ့် အခြေအနေပါ။
အဲဒီအတွက် ဘာစီလိုနာအသင်းဘက်ကလည်း လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ နောက်ထပ် ဂိုးသမား တယောက်ထပ်ခေါ်ဖို့ လုပ်ဆောင်သွားမှာပါ။
အသက် ၄၁ နှစ်ရှိပြီဖြစ်တဲ့ ချီလီဂိုးသမားဟာ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ဘာစီလိုနာ အတွက် ကစားခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ မန်စီးတီးအသင်းဆီပြောင်းရွှေ့လာခဲ့တာပါ။
အဲဒီနောက် မနှစ်က စပိန်ကလပ် ဘက်တစ်အသင်းမှာကစားခဲ့ပြီးနောက် ကစားသမားဘဝကနေ အနားယူထားသူ ဖြစ်ပါတယ်။
Photo-Reuters