ပိုလန်ဂိုးသမား ရှက်ဇနီဟာ လာမယ့်သီတင်းပတ် နိုင်ငံတကာ ပွဲစဉ်တွေပြီးဆုံးချိန်မှ ဘာစီလိုနာအသင်းအတွက် ပွဲထွက်ကစားနိုင်မယ်လို့ သိရပါတယ်။
ရှက်ဇနီဟာ ဂျူဗင်တပ်နဲ့ လမ်းခွဲခဲ့ပြီးနောက် ကစားသမားဘဝကနေ အနားယူကြောင်း ကြေညာခဲ့ပေမဲ့ ဘာစီလိုနာအသင်းရဲ့ အရေးပေါ်လိုအပ်ချက်အရ ဘောလုံး ပြန်ကစားဖို့ဖြစ်လာခဲ့တာပါ။
ဘာစီလိုနာမှာ ဂိုးသမား စတီဂျန်က ကာလရှည်အနားယူရမှာဖြစ်လို့ အနားယူကြောင်း ကြေညာခဲ့တဲ့ ဂိုးသမား ရှက်ဇနီကို အရေးပေါ်ခေါ်ယူခဲ့ရတာပါ။
ရှက်ဇနီဟာ ထိပ်တန်းအဆင့်ဂိုးသမားတယောက်ဖြစ်လို့ အသင်းကို များစွာ ကူညီပေးနိုင်မှာဖြစ်ပေမဲ့ လတ်တလော ပွဲစဉ်တွေမှာတော့ ပါဝင်ကစားနိုင်မှာမဟုတ်သေးကြောင်း နည်းပြ ဟန်ဆီဖလစ်က ပြောသွားပါတယ်။