စပိန်နိုင်ငံ၊ ကာတာလိုးနီးယားဒေသရဲ့ အကြီးဆုံး လူသားမျှော်စင်ပြိုင်ပွဲကို အောက်တိုဘာ ၆ ရက်မှာ ကျင်းပခဲ့ပြီး အသင်း ၄၂ သင်းအထိ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
နောက်ဆုံးအဆင့်မှာ ကျန်ရှိတဲ့ အသင်း ၁၂ သင်းဟာ သမိုင်းဝင် တာရာကိုအရီနာ ပလာဇာမှာ အစွမ်းပြခဲ့ကြပြီး ပရိသတ် ၁၀,၀၀၀ ကျော် လာကြည့်ခဲ့ပါတယ်။
ဗီလာဖရန်ကာအရပ်ကို ကိုယ်စားပြုတဲ့အသင်းက ပြိုင်ဘက်တွေကို အနိုင်ရပြီး ယူရို ၁၆,၀၀၀ ဆွတ်ခူးသွားခဲ့ပါတယ်။
ကာတာလန်အသံထွက်အရ ကာစတဲလ်လို့ထွက်ပြီး ရဲတိုက်လို့အဓိပ္ပာယ်ရတဲ့ ဒီပြိုင်ပွဲဟာ ကာတာလိုးနီးယား ယဉ်ကျေးမှုပြယုဂ်တခုလည်း ဖြစ်ပါတယ်။
တယောက်ပခုံးပေါ် တယောက်တက်ပြီး အင်မတန်မြင့်မား ရှုပ်ထွေးတဲ့ လူသားတာဝါတွေ တည်ဆောက် သရုပ်ပြရတာ ဖြစ်ပါတယ်။
ယူနက်စကိုအဖွဲ့ကြီးက ၂၀၁၀ မှာ လူသားတာဝါတွေကို လူသားမျိုးနွယ်ရဲ့ အထည်ဒြပ်မရှိတဲ့ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် စာရင်းသွင်းခဲ့ပါတယ်။
ပထမဆုံး လူသားရဲတိုက်ပြိုင်ပွဲကို ၁၉၃၂ က တာရန်ဂိုနာ နွားရိုင်းသတ်ကွင်းမှာ ကျင်းပခဲ့ပြီး ၁၉၇၀ ပြည့်နှစ်ကတည်းက ၂ နှစ်တကြိမ် ကျင်းပလာတာဖြစ်ပါတယ်။
Source-Reuters