ရေကြီးနေသည့် အင်းလေးဒေသ မြင်ကွင်းများ
DVB
·
October 6, 2024
မကြုံစဖူး ရေကြီးနစ်မြုပ်မှုနဲ့ ကြုံတွေ့နေရတဲ့ အင်းလေးဒေသမှာ ရွာပေါင်း ၂၀၀ ဝန်းကျင် ရေဘေးသင့်နေပြီး အကူအညီမရသေးတဲ့ ရွာတွေလည်းရှိနေတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။
မုန်တိုင်းရာဂီအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတွေကြောင့် ရေကြီးရေလျှံမှုတွေကို ကြုံတွေ့နေရတာ တလနီးပါးကြာလာပြီဖြစ်သလို ဒေသခံတွေဟာ သောက်သုံးရေ၊ အိမ်သာအခက်အခဲနဲ့ လျှပ်စစ်မီးလည်း ပြတ်တောက်နေတာကြောင့် အခက်အခဲကြုံနေကြရပါတယ်။