တရုတ်နိုင်ငံမှာ အမျိုးသားနေ့ စတင်မယ့် အင်္ဂါနေ့ကစပြီး အားသွင်းစက်ရုပ်များကို အဝေးပြေးလမ်းတွေမှာ စတင်အသုံးပြုမှာဖြစ်ပါတယ်။
ပိတ်ရက်ရှည်ကာလမှာ ခရီးထွက်ကြမယ့် EV ကားတွေအတွက် လမ်းခရီးမှာ အလွယ်တကူနဲ့ ထိရောက်မှုရှိစွာ အားသွင်းနိုင်ဖို့ အခုလို စက်ရုပ်အားသွင်းစက်တွေ အသုံးပြုမှာပါ။
ရှန်ဟိုင်း-ကူမင်းအဝေးပြေးလမ်းမှာ EV ကားတွေဟာ ကားပါကင်တွေမှာပဲ အားသွင်း နိုင်တော့မှာ ဖြစ်ပါတယ်။
အားသွင်းစက်ရုံတွေဟာ ၈၀ ရာခိုင်နှုန်းအထိကို အချိန်တနာရီခွဲ ကြာမြင့်မှာဖြစ်ကြောင်း ရှန်ဟိုင်းလျှပ်စစ်စွမ်းအင်ကုမ္ပဏီက ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီအချိန်က ရှန်ဟိုင်းရဲ့ ၂၆ ဟိုင်းဝေး ဆားဗစ်ပေးတဲ့နေရာမှာ အားသွင်းမှုအရေအတွက် ၂၆၇၃၀၀ ကီလိုဝပ်အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါဟာ အမျိုးသားနေ့ ပိတ်ရက်ရောက်တိုင်း ၃၀ ရာခိုင်နှုန်းဆီ တိုးလာတာလည်း ဖြစ်ပါတယ်။ EV ကားအသုံးပြုမှုနှုန်း များပြားလာပြီး ပိတ်ရက်ရှည်ကာလ ခရီးစဉ်တွေမှာ အားသွင်းဖို့ အချိန် ကြာမြင့်စွာ စောင့်ဆိုင်းရမှုကို အားသွင်းစက်ရုပ်တွေနဲ့ ဖြေရှင်းလိုက်တာလည်းဖြစ်ပါတယ်။
အဝေးပြေးလမ်းတွေမှာ EV ကားတွေဟာ အားသွင်းရဖို့ စီတန်းနေရမှုက အသုံးပြုသူတွေအတွက် အခက်အခဲ ဖြစ်စေခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ ၂၀၂၃ ခုနှစ် လေ့လာချက်အရ EV ကားအသုံးပြုမှု အများဆုံးနိုင်ငံဖြစ်ပြီး ထုတ်လုပ်မှုရော သုံးစွဲမှုပါ ထိပ်ဆုံးက ရပ်တည်နေတာ ဖြစ်ပါတယ်။
EV ကားသုံးစွဲမှုအများဆုံး နိုင်ငံစာရင်းမှာ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ ယူကေ၊ နယ်သာလန်၊ ဆွီဒင် စတဲ့အနောက်နိုင်ငံတွေက အသီးသီရပ်တည်နေပါတယ်။
Source-Reuters