ဂူဂဲလ်ဟာ အင်တာနက်မှာ ဗီဒီယိုရိုက်ပြီး ရှာဖွေနိုင်တဲ့ ဖီးချားအသစ်ကို စတင်မိတ်ဆက်ခဲ့ပါတယ်။
ဗီဒီယိုဆက်ဟာ ကင်မရာကတဆင့် မေးချင်တဲ့ မေးခွန်းတွေအတွက် အဖြေတွေ ရှာဖွေနိုင်မယ်လို့ ဆိုပါတယ်။
ဒီဖီးချားကို ကမ္ဘာအနှံ့က အန်းဒရိုက်နဲ့ အိုင်ဖုန်း အသုံးပြုသူတွေကတော့ ကမ္ဘာ့စံတော်ချိန် ညနေ ၅ နာရီမှာ စတင်ရယူသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။
ဂူဂဲလ်အပ် အေအိုင်အိုဗာဗြူး ရယူနိုင်မှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ အင်္ဂလိပ်ဘာသာစကားပဲ အသုံးပြုနိုင်ဦးမှာပါ။
ဂူဂဲလ်က မိတ်ဆက်ခဲ့တဲ့ ဖီးချားအသစ်မှာ အေအိုင်ကို လက်တွေ့ကျကျအသုံးပြုနိုင်တဲ့ ပုံစံကို ပြောင်းလဲနိုင်တဲ့ နောက်ဆုံးခြေလှမ်းတခုလည်း ဖြစ်ပါတယ်။
ဒီဖီးချားဟာ ချက်ဂျီပီတီထုတ်ထားတဲ့ ဂူဂဲလ်အတွက် ချက်ဘောက်မှာ မေးခွန်းတွေ မေးနိုင်တဲ့ အိုးပင်းအေအိုင်ကို ထုတ်လုပ်ပြီး ၃ လအကြာမှာ ထုတ်လုပ်တာလည်း ဖြစ်ပါတယ်။
ဂူဂဲလ်ဟာ ဒီနှစ်ထဲမှာ ရှာဖွေမှုတွေထဲ အေအိုင်ဂျင်နရိတ်လုပ်တဲ့ ရလဒ်တွေကို စတင်မိတ်ဆက်ခဲ့ပြီးနောက် ဖီးချားအသစ် ထပ်ထွက်လာတာလည်း ဖြစ်ပါတယ်။
မေလကတော့ တိကျမှုမရှိတဲ့ အဖြေတွေနဲ့ စိတ်မချရသေးတဲ့ ပုံစံတွေကြောင့် ဒီဖီးချားဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
အဲဒီအချိန်တုန်းက ဂူဂဲလ်ရဲ့ ပြောဆိုခွင့်ရသူတယောက်က သီးသန့်ဥပမာတွေဖြစ်ကြောင်း ရှင်းလင်းခဲ့ပြီး အဲ့တုန်းက ရှာဖွေမှုပုံစံတွေ ပိုကောင်းလာပြီး အမှားလည်း နည်းလာခဲ့ပါတယ်။
ရှာဖွေမှုပြလုပ်တဲ့ ဂူဂဲလ်လန်းတွေကို အသုံးပြုပြီး ရိုက်ယူထားတဲ့ ပုံရိပ်တွေကို အသုံးပြုပြီး မေးခွန်းတွေမေးတဲ့ ပုံစံလည်း ပါဝင်လာကာ အေအိုင်နဲ့ရှာဖွေမှုပါ ပါဝင်ခဲ့ပါတယ်။
ဂူဂဲလ်ဆာ့ဖ်ရဲ့ အကြီးအကဲ လစ်ဇ်ရိဒ်က စွမ်းဆောင်ရည်သစ်တွေက လူတွေကို ရှာဖွေရတာ ပိုပြီး လွယ်ကူစေမှာလို့ ဆိုပါတယ်။
ဂူဂဲလ်ဟာ ဗီဒီယိုဆက်ကို မိတ်ဆက်ခဲ့သလို အခြားအပ်ဒိတ်တွေလည်း အများကြီး ပြုလုပ်ခဲ့ပါတယ်။
ရှော့ပင်းရလဒ်တွေ တိုးတက်စေဖို့ ရောင်းချသူတွေနဲ့ ဈေးနှုန်းဆိုင်ရာ အချက်အလက်တွေကို ပြန်လည်သုံးသပ်ပြီး သတ်မှတ်ခဲ့ရတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ မေးခွန်းမေးပြီး အင်တာနက်မှာ ရှာဖွေမှုပြလုပ်နေတဲ့ ဆက်ဂျီပီတီဟာ အမေရိကန်မှာ အသုံးပြုသူ ကန့်သတ်ချက်ရှိတာ တွေ့ရပါတယ်။
မိုက်ခရိုဆော့ဖ် အပါအဝင် နာမည်ကျော်ရင်းနှီးမြှုပ်နှံသူတွေကြောင့် အိုးပင်းအေအိုင်ကတော့ ဒေါ်လာ ၁၅၇ အထိ တန်ဖိုးတက်လာကြောင်း ဖော်ပြပါတယ်။
Source-Reuters