စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားတဲ့နယ်မြေတွေကို စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူနိုင်တာမရှိဘူးလို့ ဒေသခံတွေက DVB ကို ပြောပါတယ်။
မြောင်မြို့နယ်ရဲ့ နယ်မြေ ၈၀ ရာခိုင်နှုန်းလောက်ကို ပြည်သူ့ကာကွယ်ရေးတပ်(PDF)နဲ့ တော်လှန်ရေးအင်အားစုတွေက စိုးမိုးထားတာဖြစ်ပြီး အဲ့ဒီနယ်မြေတွေအတွင်းက ရပ်ကွက်တွေနဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က သန်းခေါင်စာရင်း ကောက်ခံနိုင်တာမရှိဘူးလို့ ဒေသခံက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အောက်တိုဘာ ၁ ရက်က စတင်ပြီး တနိုင်ငံလုံးအတိုင်းအတာအရ သန်းခေါင်စာရင်းကောက်ခံနေတာပါ။
သန်းခေါင်စာရင်းကောက်ခံရာမှာ စစ်ကောင်စီက ဖိအားပေးခြိမ်းခြောက်မှုတွေရှိနေပေမဲ့လည်း ချောင်းဦးမြို့နယ်က တော်လှန်ရေးအင်အားစုတွေစိုးမိုးထားတဲ့နယ်မြေမှာ ကောက်ခံလို့မရသလို စစ်ကောင်စီရဲ့ သန်းခေါင်းစာရင်းကို ပြည်သူတွေက အသိမှတ်ပြုမှာမဟုတ်သလို့လည်းဆိုပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ခုခံတွန်းလှန်စစ်ပွဲတွေဖြစ်ပွားနေတဲ့အတွင်း မန္တလေးတိုင်း မြင်းခြံခရိုင်လည်းပါဝင်ပါတယ်။
မြင်းခြံခရိုင်အတွင်းက နယ်မြေအများစုမှာလည်း စစ်ကောင်စီက သန်းခေါင် စာရင်းလာရောက်ကောက်ခံနိုင်တာမရှိဘူးလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။
အခုလက်ရှိ နိုင်ငံအတွင်းက မြို့တွေရဲ့ ၇၀ ရာခိုင်နှုန်းကျော်မှာ စစ်ရေးပဋိပက္ခတွေဖြစ်ပွားနေပါတယ်။ ၂၀၂၃ အောက်တိုဘာ ၂၇ ကစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး အတွင်း မြို့ပေါင်း ၇၄ မြို့ကို တိုင်းရင်းသားတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားတယ်လို့ ISP မြန်မာရဲ့ အချက်အလက်တွေကဆိုပါတယ်။
သန်းခေါင်စာရင်းကောက်ခံရာမှာ စစ်ကောင်စီတပ်က သူစိုးမိုးထိန်းချုပ်ထားတဲ့ ဧရိယာတွေမှာပဲ ကောက်ခံနိုင်တယ်လို့ ဒေသခံတွေပြောပါတယ်။
ခွန်ဇော်ဦး