Home
မြန်မာသတင်း
မြန်မာ့အရေးဆွေးနွေးပွဲ အင်ဒိုနီးရှားတွင် ကျင်းပ
DVB
·
October 4, 2024
Photo-Reuters

မြန်မာ့ပြည်တွင်းစစ် ပဋိပက္ခအရေးနဲ့ ပတ်သက်ပြီးတော့ သံတမန်ရေးရာ ဆွေးနွေးပွဲကို လာမယ့် သီတင်းပတ်ထဲမှာ ကျင်းပမယ့် ဒေသတွင်း ထိပ်သီးအစည်းအဝေး မတိုင်မီ ဂျကာတာမြို့မှာ အောက်တိုဘာ ၄ ရက် ဒီကနေ့စတင်ကျင်းပသွားမယ်လို့ အင်ဒိုနီးရှား အကြီးတန်း သံတမန်တဦးက ပြောပါတယ်။

၂ ရက်တာ ကျင်းပမယ့် ဒီဆွေးနွေးပွဲမှာတော့ အင်ဒိုနီးရှားနိုင်ငံအပါအဝင် အာဆီယံ၊ ဥရောပသမဂ္ဂနဲ့ ကုလသမဂ္ဂတို့က ကိုယ်စားလှယ်တွေနဲ့ မြန်မာ့အတိုက်အခံ အင်အားစုတွေ ပါဝင်မှာဖြစ်ကာ မြန်မာစစ်တပ်ဘက်ကတော့ ပါဝင်ဖို့ မမျှော်လင့်ထားဘူးလို့ အမည်မဖော်လိုတဲ့ သံတမန်က AFP သတင်းဌာနကို ပြောပါတယ်။

ဒီအစည်းအဝေးမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ သွေးထွက်သံယို ပဋိပက္ခတွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးကြဖို့ရှိနေတာပါ။ 

အာဆီယံထိပ်သီးဆွေးနွေးပွဲကိုတော့ လာမယ့် အောက်တိုဘာ ၆ ရက်ကနေ ၁၁ ရက်အထိ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တော်မှာ ကျင်းပသွားဖို့ ရှိနေပြီး အဆိုပါ ဆွေးနွေးပွဲကို စစ်အုပ်စုဘက်က ကိုယ်စားလှယ်တယောက် တက်ရောက်ဖို့ ရှိနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေတာပါ။

စစ်ဏာသိမ်းပြီးနောက် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်တက်ရောက်ခဲ့တဲ့ ဂျာကာတာမြို့ အာဆီယံခေါင်းဆောင်များအစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ချမှတ်ခဲ့ပေမဲ့ စစ်ကောင်စီက အကောင်အထည် မဖော်နိုင်တာကြောင့် နောက်ပိုင်း ထိပ်သီးအစည်းအဝေးတွေမှာ အာဆီယံက မြန်မာခေါင်းဆောင်အဆင့်ကို မဖိတ်ခဲ့တာ အခု အချိန်တိုင်အောင် ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်အာဏာသိမ်း ကာလတွေအတွင်း အာဆီယံအဆင့်နိမ့်အစည်းအ၀ေး ၅၀၀ ကျော်ကို စစ်အုပ်စုဘက်က တက်ရောက်ခဲ့ပြီးနောက် အာဆီယံမှာ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုခွင့်ကို ပြန် လည်သုံးသပ်ဖို့နဲ့ စစ်ကောင်စီကိုယ်စားလှယ်ကို အစည်းအဝေးတက်ခွင့်မပေးဖို့  အရပ်ဘက်အဖွဲ့အစည်း ၂၃၇ ဖွဲ့က အခုရက်ပိုင်းမှာပဲ တောင်းဆိုထားပါတယ်။

အာဆီယံဟာ ထိပ်သီးအစည်း၀ေးနဲ့ နိုင်ငံခြားရေး၀န်ကြီးအဆင့် အစည်းအဝေးတွေမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုသာ ကိုယ်စားလှယ်အဖြစ် တက် ရောက်ခွင့်ပေးဖို့ ၂၀၂၁ ခုနှစ် အောက်တိုဘာလက စတင်ပြီးတော့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပေမဲ့ အာဏာသိမ်း စစ်အုပ်စုနဲ့ သူတို့ရဲ့ ခန့်အပ်ခံတွေဟာ မြန်မာနိုင်ငံကိုယ်စားပြု အာဆီယံ အစည်းအ၀ေးပေါင်း ၅၀၀ ကျော်ကို တက်ရောက်ခဲ့ကြတယ်လို့ ထုတ်ပြန် ချက်က ဆိုပါတယ်။

Source: CNA

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013