အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမားတြားပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စက်တင်ဘာ ၂၆ ရက် ညနေက မြေပြိုမှုဖြစ်ပွားခဲ့ရာမှာ တရားမဝင်ရွှေတွင်းတခုလည်း ပြိုကျသွားခဲ့ပြီး အနည်းဆုံး လူ ၁၁ ယောက် သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတယောက်က စက်တင်ဘာ ၂၈ ရက်မှာ ပြောပါတယ်။
ဆိုလုံခရိုင်ရှိ တရားမဝင်ရွှေတွင်း ပြိုကျခဲ့တာဖြစ်ပြီး မိုင်းတွင်းထဲမှာ လူ ၂၅ ဦးရှိမယ်လို့ ဒေသတွင်း ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအေဂျင်စီမှ တာဝန်ရှိသူ အဗ္ဗဒူလ် မာလိခ် က ပြောပါတယ်။
သူတို့ထဲက ၁၁ ယောက် သေဆုံးခဲ့ပြီး ၁၂ ယောက် အသက်ရှင် လွတ်မြောက်ခဲ့ပါတယ်။ ၂ ယောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားဆဲ ဖြစ်ပါတယ်။
စက်တင်ဘာ ၂၇ ရက် အစောပိုင်းမှာ ရဲတပ်ဖွဲ့၊ စစ်တပ်နဲ့ ဒေသခံတွေဟာ ပျောက်ဆုံးနေသူကို ရှာဖွေရေးလုပ်ခဲ့ကြပါတယ်။
အင်ဒိုနီးရှားမှာ တွင်းထွက်သယံဇာတတွေ တည်ရှိနေတဲ့ ဝေးလံခေါင်သီတဲ့ဒေသတွေကို အာဏာပိုင်တွေ အုပ်ချုပ်ရေး လက်လှမ်းမီဖို့ ခက်ခဲနေပြီး အသေးစားနဲ့ တရားမဝင် သတ္တုတူးဖော်မှုမှာ မတော်တဆမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။
Source-Reuters