Home
နိုင်ငံတကာ
တက္ကသိုလ်ဘတ်ဂျက် ဖြတ်တောက်မှုအပေါ်  အာဂျင်တီးနား ကျောင်းသားနှင့်လူထု ကန့်ကွက် ဆန္ဒပြ
DVB
·
October 4, 2024
Photo-Reuters

အာဂျင်တီးနားသမ္မတ ဟာဗီးယားမီလေ့ရဲ့ အစွန်းရောက်လစ်ဘရယ်အုပ်ချုပ်ရေးကို ဝေဖန်သူတွေနဲ့ ကျောင်းသားတွေ ထောင်ပေါင်းများစွာတို့ဟာ နိုင်ငံရဲ့မြို့ကြီးတွေမှာ အောက်တိုဘာ ၂ ရက်က ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

အစိုးရတက္ကသိုလ်တွေရဲ့ ရန်ပုံငွေကို အများအပြားဖြတ်တောက်တဲ့ လုပ်ရပ်ကို ဆန့်ကျင် ကန့်ကွက်ခဲ့ကြပါတယ်။

နှစ်စဉ် ငွေကြေးဖောင်းပွမှုနှုန်း ၂၃၆ ဒသမ ၇ ရာခိုင်နှုန်းရှိတဲ့  စီးပွားရေးအကျပ်အတည်း ကြားမှာ တက္ကသိုလ်ရန်ပုံငွေရရှိရန် လွန်ခဲ့တဲ့သီတင်းပတ်တွေအများကြီးတည်းက အောက်လွှတ်တော်က အတည်ပြုခဲ့တဲ့ ဥပဒေကို ဗီတိုအာဏာသုံးဖို့ မိုင်လေရဲ့ အစိုးရက ခြိမ်းခြောက်နေလို့ တုံ့ပြန်တဲ့ အနေနဲ့ ဆန္ဒပြခဲ့ကြတာပါ။

ဧပြီလတုန်းကလည်း ခုလို အစုလိုက်အပြုံလိုက် ဆန္ဒပြမှုတွေက တက္ကသိုလ်ဘတ်ဂျက်ဖြတ်တောက်မှုကို ပြန်ရုပ်သိမ်းဖို့ မိုင်လေကို ဖိအားပေးခဲ့ကြပါတယ်။

ဒါပေမဲ့ အစိုးရက ကတိပြုထားတဲ့ တိုးတက်မှုတွေကို လိုက်နာဖို့ ပျက်ကွက်တယ်လို့ နိုင်ငံတွင်း အထင်ကြီးလေးစားခံရသူ အများစုဖြစ်တဲ့ တက္ကသိုလ်တွေက အာဏာပိုင်တွေက အခိုင်အမာ ပြောပါတယ်။

အဆင့်မြင့်ပညာရေး အရည်အသွေးအကဲဖြတ် အဆင့်သတ်မှတ်ချက်အရ ကမ္ဘာတဝန်းက ထိပ်တန်း တက္ကသိုလ် ၁၀၀ ထဲက တခုဖြစ်တဲ့ ဘွေနော်စေးရီးစ်တက္ကသိုလ် (UBA) ဟာလည်း ဘတ်ဂျက်ဖြတ်တောက်မှုဒဏ်ကို ဆိုးဆိုးရွားရွား ခံစားခဲ့ရတာပါ။

UBA မှာ ဘွဲ့ကြိုသင်တန်း ပေါင်း ၁၁၀ ကို သင်ပေးနေပြီး အလယ်တန်းကျောင်း ခြောက်ကျောင်းနဲ့ အစိုးရ ဆေးရုံ ၅ ရုံတို့ကို ဖွင့်လှစ်ထားပါတယ်။

သမ္မတဟာ ဒီဇင်ဘာလမှာ စပြီးတာဝန်ယူကတည်းက ဒီအဖွဲ့အစည်းတွေရဲ့ လုပ်ငန်းဆောင်တာတွေကို အဟန့်အတားဖြစ်စေခဲ့ပါတယ်။

သမ္မတမီလေ့ရဲ့ ဘဏ္ဍာရေးချိန်ခွင်လျှာ အခြေခံ စီးပွားရေးအစီအစဥ်ဟာ ပြုပြင်ပြောင်းလဲမှုတွေကို သတိမထားဘဲ တရားမျှတမှုမရှိဘူးလို့ ဝေဖန်နေကြသလို၊ ကျန်းမာရေးနဲ့ ပညာရေးလို ကဏ္ဍတွေမှာ ထိခိုက်နိုင်ခြေအရှိဆုံးနဲ့ အချိုးအစားမမျှမတဖြစ်နေတယ်လို့လည်း ငြင်းခုံဝေဖန် နေကြပါတယ်။

တက္ကသိုလ် ဝန်ထမ်းတွေနဲ့ သင်ကြားရေး ဘက်ကမဟုတ်တဲ့ ဝန်ထမ်းတွေဟာ ဒီဇင်ဘာလက စပြီး ဝယ်ယူနိုင်စွမ်း ၄၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားတာ တွေ့ရတယ်လို့ နိုဘယ်လ်ဆုရှင် ကျောင်းသားဟောင်း ၅ ယောက် ပိုင်ဆိုင်ထားတဲ့ UBA က ဆိုထားပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013