တောင်ကိုရီးယားနိုင်ငံမှာ ၂၀၂၂ ခုနှစ်က ဆိုးလ်မြို့တော်ရဲ့ နာမည်ကြီးရပ်ကွက် အီထယ်ဝမ်မှာ လူပေါင်းရာချီ အသေအပျောက်များခဲ့တဲ့ ဟောလိုးဝင်းည လူအုပ်ကြီး ကျပ်ညပ်တိုးမိခဲ့မှုတွေ ကျပ်ညပ်တိုးမိခဲ့မှုမှာ တာဝန်ပေါ့လျော့မှုနဲ့ ဆိုးလ်ခရိုင် ရဲချုပ်ဟောင်းကို တောင်ကိုရီးယားတရားရုံးက စက်တင်ဘာ ၃၀ ရက်မှာ ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချလိုက်ပါတယ်။
ယုံးဆန်း ရဲစခန်းအကြီးအကဲ အီအင်မ်ဂျယ်ဟာ လွန်ခဲ့တဲ့ ၂ နှစ်နီးပါးလောက်က လူပေါင်း ၁၅၉ ဦး သေဆုံးစေခဲ့တဲ့ အဆိုပါဖြစ်ရပ်အတွက် ပြစ်မှုထင်ရှား စီရင်ခြင်းခံရတဲ့ ပထမဆုံး ရဲအရာရှိ ဖြစ်ပါတယ်။
ရဲချုပ်ဟောင်း အီအင်မ်ဂျယ်ဟာ လူအစုလိုက်အပြုံလိုက် လာရောက်ကြမယ့် ဟောလိုးဝင်း စုဝေးပွဲအတွက် ကြိုမြင်ရမယ့် အန္တရာယ်တွေကို ကာကွယ်ရေးအတွက် ပြင်ဆင်ထားဖို့ ပျက်ကွက်ခဲ့ကြောင်း ဆိုးလ် အနောက်ပိုင်းခရိုင်တရားရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လူစုလူဝေး တွန်းတိုက်လဲပြိုပိကျမှုတွေဟာ လူလုပ်ဘေးဥပဒ် ဖြစ်ပြီး စွပ်စွဲခံရသူ ရဲချုပ်ဟောင်း သာ သူ့တာဝန်ကို ကျေပွန်ခဲ့ရင် ဒီဖြစ်ရပ်ဆိုးကို တားဆီးနိုင်ကောင်း တားဆီးနိုင်လိမ့်မယ် သို့မဟုတ်ရင်လည်း သက်ရောက်မှုကို သိသိသာသာ လျော့ကျသွားအောင် စွမ်းဆောင်နိုင်လိမ့်မှာဖြစ်တယ်လို့ တရားရုံးက ပြောကြားခဲ့ပါတယ်။
တခြား ယုံးဆန်း ရဲစခန်းမှ ရဲအရာရှိဟောင်း ၂ ယောက်ကိုလည်း ထောင်ဒဏ် ၂ နှစ်နဲ့ ဆိုင်းငံ့ထောင်ဒဏ် ၁ နှစ် အသီးသီး ချမှတ်ခဲ့ပါတယ်။