ဌာနေ ဘရာဇီး တိုင်းရင်းသားလူမျိုးတွေ ဆော်ပေါ်လိုမြို့မှာ စက်တင်ဘာ ၂၉ ရက်က ဆန္ဒပြခဲ့ကြပါတယ်။
အမေဇုန်တောမီးကြောင့် ပိုပြင်းထန်လာတဲ့ အပျက်အစီးတွေနဲ့ ဘိုးဘွားပိုင်မြေတွေ၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကြိုးပမ်းမှုတွေအပေါ် တောမီးရဲ့ သက်ရောက်မှုတွေကို မီးမောင်းထိုးပြခဲ့ကြပါတယ်။
သစ်တောပြုန်းတီးမှုကို ပိုပြင်းပြင်းထန်ထန် အရေးယူဖို့နဲ့ အမေဇုန်ကို ကာကွယ်ဖို့ ဘရာဇီးအစိုးရကို ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။
သူတို့ရဲ့ နယ်မြေတွေကို ခြိမ်းခြောက်နေတဲ့ ဥပဒေတွေ၊ အထူးသဖြင့် အဆိုပြုထားတဲ့ မာကို တမ်ပိုရယ် ဥပဒေမူဘောင်ကို ကာကွယ်ဖို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဆီမှာလည်း အယူခံဝင်ခဲ့ပါတယ်။
ဒီဥပဒေဟာ ဘရာဇီးနိုင်ငံရဲ့ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို အကောင်အထည်ဖော်ခဲ့တဲ့ ၁၉၈၈ ခုနှစ် ဘိုးဘွားပိုင် မြေယာပိုင်ဆိုင်ခွင့်အတွက် အကန့်အသတ်ကို သတ်မှတ်မှာ ဖြစ်ပါတယ်။
Source-Reuters