တောင်တရုတ်ပင်လယ်အရေးမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ထိပ်တန်းဦးစားပေး နေရာမှာ ထားရမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက စက်တင်ဘာ ၂၈ ရက်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောတဲ့ မိန့်ခွန်းအတွင်း ပြောခဲ့ပါတယ်။
ရှုပ်ပွနေတဲ့ ရေကြောင်းလမ်းမှာ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့ရဲ့ ပိုင်နက်မျဉ်းတွေ ထပ်နေပေမဲ့ တရုတ်က ရင်သပ်ရှုမောဖွယ် စိမ်းပြာရောင် ရေကန်တွေ အပါအဝင် ငါးနဲ့ သဘာဝဓာတ်ငွေ့ကြွယ်ဝတဲ့ တောင်တရုတ်ပင်လယ်တခုလုံး နီးပါးကို သူ့အပိုင်အဖြစ် တောင်းဆိုထားပါတယ်။
၇၉ ကြိမ်မြောက် အထွေထွေညီလာခံမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ဒေသတွင်း မတူကွဲပြားတဲ့ အမြင်ကို စုစည်းပြီး လိုက်နာ ဆောင်ရွက်ရမယ်လို့ ပြောပါတယ်။
ပင်လယ်ရေကြောင်း အုပ်ချုပ်မှုဆိုင်ရာ ကုလသမဂ္ဂ ပြဋ္ဌာန်းချက်ကို လိုက်နာဆောင်ရွက် ကြဖို့ကိုလည်း နိုင်ငံတိုင်းကို တောင်းဆိုထားပါတယ်။
သူ့မိန့်ခွန်းထဲမှာ ဟာဆန်က အရှေ့အလယ်ပိုင်းဒေသထဲက ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အပစ်အခတ်ရပ်စဲရေး ပျက်ကွက်မှုနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ သဘောတူညီချက် မရရှိနိုင်တဲ့ အကြောင်းတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။
ဒါကို နားလည်သဘောပေါက်ဖို့ဆိုရင် ဒီမိုကရေစီမဆန်တဲ့ ဗီတိုအာဏာကို ကန့်သတ်တာ ဒါမှမဟုတ် လုံးဝဖျက်သိမ်းတာမျိုး လုပ်ပစ်ရမယ်လို့လည်း သူက ပြောခဲ့ပါတယ်။
Source-Reuters