Home
မြန်မာသတင်း
လားရှိုးမြို့ပေါ်ကို စစ်ကောင်စီက ဗုံးထပ်ကြဲ၊ နေအိမ်များမီးလောင်
DVB
·
September 29, 2024
Photo - Lashio Reconstruction
Photo - Lashio Reconstruction
Photo - Lashio Reconstruction
Photo - Lashio Reconstruction
Photo - Lashio Reconstruction
Photo - Lashio Reconstruction
Photo - Lashio Reconstruction

ကိုးကန့်တပ်မေတာ် (MNDAA) သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ပေါ်ကို စက်တင်ဘာ ၂၈ ရက် မနေ့ည ၈ နာရီခွဲ ဝန်းကျင်လောက်မှာ စစ်ကောင်စီက ထပ်မံဗုံးကြဲတိုက်ခိုက်တာကြောင့် ‌နေအိမ် အဆောက်အဦတွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံအမျိုးသားတယောက်က “ကြဲသွားပြီ။ ရပ်ကွက် ၈ ရပ်ကွက်ရုံးအနောက်ဘက်က ကားဝပ်ရှော့ပေါ် ကျတယ်။ လူနေအိမ်တွေ မီးလောင်ပျက်စီးတယ်။ လူထိခိုက်မှု မသိရသေးဘူး” လို့ ပြောပါတယ်။

ဓာတ်ပုံမှတ်တမ်းပဲ သွားယူတာကြောင့် အချက်အလက်အပြည့်အစုံ မသိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။

နောက်ဒေသခံတယောက်ကလည်း “မယ်ဟန်ရွာဘက်လည်း ဗုံး ၁ လုံး ကြဲသွားတယ်လို့ သိရတယ်။ အထိအခိုက် မသိရသေးဘူး” လို့ ပြောပါတယ်။

စက်တင်ဘာ ၂၈ ရက်နေ့ မနက် ၂ နာရီကျော်ကလည်း လားရှိုးကနေ မန္တလေးဘက်အထွက် နောင်မွန်ရွာကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံး ၈ လုံးထက်မနည်းကြဲခဲ့လို့ ပြည်သူ ၁ ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၃ လုံးလောက် ပျက်စီးခဲ့တယ်လို့ သူက ပြောပါတယ်။

မနက် ၂ နာရီခွဲနဲ့  ၂ နာရီ ၅၀ မိနစ်ကြားမှာ စစ်ကောင်စီက နောင်မွန်ရွာကို လေကြောင်းကနေ ဗုံးအသေး ၁၀ လုံးထက်မနည်းကြဲချခဲ့ပြီး အရပ်သားတယောက် ဘယ်ဘက်ခြေဖဝါး ထိခိုက် ပြုတ်ထွက်သွားသလို နေအိမ်တွေနဲ့လမ်းတွေ ပျက်စီးခဲ့တယ်လို့ MNDAA ဘက်က သတင်း ထုတ်ထားပါတယ်။

စက်တင်ဘာ ၂၇ ရက် မနက်အစောပိုင်း ၃ နာရီခွဲကျော်ဝန်းကျင်ကလည်း လားရှိုးမြို့၊ ရပ်ကွက် ၁ နယ်မြေ ၈ ကျောက်တောင်ဘက်၊ လားရှိုးမြို့မဈေးကြီး၊ ရပ်ကွက် ၂ တကောင်းလမ်းဘက်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ၂ ယောက် သေဆုံးပြီး  ကိုယ်ဝန်ဆောင် မိခင် ၁ ယောက် အပါအဝင်  ၆ ယောက် ထိခိုက်ဒဏ်ရာရသလို နေအိမ်အဆောက်အဦ အများအပြားလည်း ပျက်စီးခဲ့ပါတယ်။

လားရှိုးမြို့ကို MNDAA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ထိန်းချုပ်ပြီး‌နောက် စစ်ကောင်စီက ဩဂုတ် ၃၀ ရက်၊ စက်တင်ဘာ ၈၊ ၉၊ ၂၁၊ ၂၄၊ ၂၅၊ ၂၇ ရက်နဲ့ ၂၈ ရက်နေ့တို့မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြည်သူတွေ ထိခိုက်မှု သေဆုံးသလို နေအိမ်အဆောက်အဦ အများအပြား ပျက်စီးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013