Home
မြန်မာသတင်း
တနင်္သာရီက နှစ် ၄၀ ကျော်တပ်စွဲထားသည့် တပ်စခန်း ပိတ်ဆို့တိုက်ခံရပြီး စစ်ကောင်စီတပ်သားများ ထွက်ပြေး
DVB
·
September 28, 2024

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ထဲက နှစ်ပေါင်း ၄၀ ကျော်အခြေစိုက် တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ သိန္ဓောစခန်းကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်းက တိုက်ခိုက်ပိတ်ဆို့ပြီး ၅ လအကြာ စက်တင်ဘာ ၂၅ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေက စခန်းကိုစွန့်ခွာ ထွက်ပြေးသွားတယ်လို့ မြိတ်ခရိုင် ပကဖ ပူးပေါင်း စစ်ကြောင်းက ထုတ်ပြန်ပါတယ်။

အဲဒီစခန်းက ၁၉၈၀ ခုနှစ်ကတည်းက အခြေစိုက်တပ်စွဲထားတဲ့စခန်းဖြစ်ပြီး အဲဒီကနေ ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ ဝါးနွယ်စခန်း၊ လေးကေစခန်းနဲ့ ပွိုင့် (၃၀၀၀) စခန်းတို့ကို အုပ်ချုပ်ထောက်ပံ့ပေးနေတဲ့ အဓိကကျတဲ့ ရှေ့တန်းစခန်းတခုဖြစ်တယ်လို့လည်း မြိတ်ခရိုင် ပကဖ စစ်ကြောင်း ၂ က တာဝန်ရှိသူ တဦးက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းမှာ အဲဒီစခန်းကို တိုက်ခိုက်ခဲ့ပြီး ၅ လနီးပါး ကြာမြင့်ခဲ့တဲ့ တိုက်ပွဲကာလအတွင်း စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်ခဲ့သလို အင်အားတွေ ထပ်မံဖြည့်တင်းခဲ့ပါတယ်။

ဒါကြောင့် တိုက်ခိုက်မှုတွေကိုရပ်တန့်ထားပြီး စခန်းကို အဆက်မပြတ် ဝန်းရံပိတ်ဆို့ ထားတာကြောင့် စက်တင်ဘာ ၂၅ ရက်နေ့မှာတော့ အခုလို ဆုတ်ခွာသွားခဲ့တာလို့လည်း ဆိုပါတယ်။

သိန္ဓောစခန်းကနေ ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၅၀ ဝန်းကျင်က တနင်္သာရီမြို့နယ်ထဲက ဘန်ကြုပ်ကျေးရွာနားမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထပ်ပြီး တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် မြိတ်ခရိုင်ထဲမှာ ခရီးသွားလာနေကြတဲ့ ပြည်သူတွေအနေနဲ့ တနင်္သာရီတိုင်းစစ်ဌာနက ထုတ်ပြန်ထားတဲ့ အသိပေးချက်တွေကို အလေးထား ပူးပေါင်း ပေးဖို့ကိုလည်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ က အသိပေး ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013