ဂါဇာကမ်းမြောင်တောင်ပိုင်းရှိ ရာဖာမြို့မှာ အစ္စရေးယာဉ်တန်းတခုကို ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း ပါလက်စတိုင်းအဖွဲ့ ဟားမတ်စ်က တယ်လီဂရမ်ပို့စ်မှာ ပြောထားပါတယ်။
ဟားမတ်စ်အဖွဲ့ရဲ့ စစ်ရေးယူနစ် အယ်လ်ကာဆမ်တပ်ဖွဲ့တွေဟာ ရာဖာမြို့အရှေ့ဘက်ရှိ အစ္စရေးတပ်ဖွဲ့တွေရဲ့ ထောက်ပံ့ရေး လမ်းကြောင်းပေါ်မှာ မော်တော်ယာဉ်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း အဲဒီအဖွဲ့က ပြောပါတယ်။
စက်တင်ဘာ ၂၅ ရက် ဗုဒ္ဓဟူးနေ့က ဟားမတ်စ် ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ လမ်းမတွေပေါ်မှာ တင့်ကားတွေနဲ့ တခြားမော်တော်ယာဉ်တွေ ဒုံးကျည်တွေ ထိမှန်ခံထားရတာကို မြင်တွေ့ရပါတယ်။ ဗီဒီယိုရိုက်ကူးတဲ့ တည်နေရာနဲ့ ရက်စွဲကိုတော့ ရိုက်တာစ်က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
Source-Reuters