Home
မြန်မာသတင်း
တာချီလိတ်ရေဘေးသင့်ပြည်သူများကို ထိုင်းအဆိုတော်သရုပ်ဆောင် လာရောက် ထောက်ပံ့လှူဒါန်း
DVB
·
September 25, 2024
photo Crd-မယ်ဆိုင် လူမှုဂရုဏာလူမှုကူညီရေးအသင်း, วิชัย ศรีพธูราษฎร์
photo Crd-မယ်ဆိုင် လူမှုဂရုဏာလူမှုကူညီရေးအသင်း, วิชัย ศรีพธูราษฎร์
photo Crd-မယ်ဆိုင် လူမှုဂရုဏာလူမှုကူညီရေးအသင်း, วิชัย ศรีพธูราษฎร์
photo Crd-မယ်ဆိုင် လူမှုဂရုဏာလူမှုကူညီရေးအသင်း, วิชัย ศรีพธูราษฎร์
photo Crd-မယ်ဆိုင် လူမှုဂရုဏာလူမှုကူညီရေးအသင်း, วิชัย ศรีพธูราษฎร์

ရေကြီးရေလျှံမှုကို အဆိုးရွားဆုံးခံခဲ့ရတဲ့ တာချီလိတ်မြို့က ရေဘေးသင့်ပြည်သူတွေအတွက် ထိုင်းအဆိုတော်သရုပ်ဆောင်က ထောက်ပံ့ပစ္စည်းမျိုးစုံကို ၆ ဘီးကားတစီးစာ လာရောက် ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း နယ်ခံလူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

ထိုင်းအဆိုတော် သရုပ်ဆောင်တဦးဖြစ်တဲ့ လုံဖိကာတို (ခ) ဖုန်စကော် ကန်ကရောက် (พี่หลวงกาโตะ) ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်က တာချီလိတ်မြို့ ရေဘေးသင့်ပြည်သူတွေကို ကူညီထောက်ပံ့နိုင်ဖို့ အသင်းနဲ့ချိတ်ဆက်ကာ လာရောက်လှူဒါန်းခဲ့တာလို့ မယ်ဆိုင် လူမှုဂရုဏာလူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။

“ကျနော်တို့နဲ့က အင်တာနက်ကတဆင့် ချိတ်ဆက်ဖြစ်တာပါ။ တာချီလိတ်ရေဘေး စဖြစ်ကတည်းက သူက ရေဘေးသင့်ခဲ့သူတွေကို လှူချင်နေတာလို့ ပြောတယ်။ ပစ္စည်းတွေက ၆ ဘီးကား တစီးစာ ပါတယ်။ အဲဒီထဲက ၃ ပုံ ၁ ပုံလောက်ကို ခန်းမမှာ လှူခဲ့ပြီး ကျန်တဲ့ဟာတွေကိုတော့ ဆန်ဆိုင်းနဲ့ မယ်ခေါင်မှာ သူကိုယ်တိုင်သွားလှူခဲ့တာ။”

ဒါ့အပြင် လာမယ့်အောက်တိုဘာလအတွင်းမှာလည်း ထိုင်းနိုင်ငံ ဖူးခက်မြို့က လုပ်ငန်းရှင် အလှူရှင်တွေကလည်း ကား ၁၀ စီးစာနဲ့ တာချီလိတ်ဘက်ကို လာရောက်လှူဒါန်းကြဖို့ ချိတ်ဆက် ထားသေးကြောင်း သူက ဆက်ပြောပါတယ်။

တာချီလိတ်မြို့က ရေဘေးသင့်ပြည်သူတွေကို ကိုယ်တိုင်လာရောက်လှူဒါန်းခဲ့တဲ့ ထိုင်းအဆိုတော် သရုပ်ဆောင် ဖုန်စကော် ကန်ကရောက်ဟာ ကာတိုအမည်နဲ့ လူသိများသူဖြစ်သလို အနုပညာလောကထဲ မဝင်ရောက်ခင် သာသနာ့ဘောင်မှာရှိနေပြီး ကျောင်းထိုင်ဘုန်းကြီးအဖြစ် သာသနာပြုရာမှာလည်း တရားဟောကောင်းတာကြောင့် လုံဖိကာတို နာမည်နဲ့ ကျော်ကြားခဲ့သေး ကြောင်း သူ၏လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ထိုင်း-မြန်မာနယ်စပ်၊ တာချီလိတ် နဲ့ မယ်ဆိုင်အကြား ပြီးခဲ့တဲ့ စတင်ဘာ ၁၀ ရက်ကစပြီး ရေကြီးရေလျှံမှု ဆိုးရွားစွာ ဖြစ်ပေါ်ခဲ့ပြီးနောက် နှစ်ဖက်စလုံးမှာ ရေဘေးသင့်ခဲ့ရတဲ့ ပြည်သူများပြားခဲ့သလို ဆုံးရှုံးမှု တန်ဖိုးမှာလည်း ကြီးမားခဲ့​ကြောင်း လူမှုကူညီကယ်ဆယ်ပေးနေသူတွေဆီက သိရပါတယ်။

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် ရေကြီးရေလျှံခဲ့တဲ့ ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်မှာ လှူဒါန်းသူတွေရှိခဲ့ပြီး သက်ဆိုင်ရာက အကောင်းဆုံး စီစဉ်ပေးထားနိုင်ခဲ့ပေမဲ့ တာချီလိတ်မြို့က ရေဘေးသင့်ပြည်သူတွေအတွက် လောက်ငအောင် မစီစဉ်ပေးနိုင်တဲ့အတွက် ဒီနေ့ စက်တင်ဘာ ၂၅ ရက်အထိ အကူအညီတွေ လိုအပ်နေတယ်လို့ မြို့ခံလူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013