Home
နိုင်ငံတကာ
လိင်တူလက်ထပ်ခွင့်ဥပဒေကို ထိုင်းဘုရင် အတည်ပြု
DVB
·
September 25, 2024
Photo-Reuters

ထိုင်းနိုင်ငံမှာ လိင်တူလက်ထပ်ခွင့်ပြုတဲ့ ဥပဒေကို စက်တင်ဘာ ၂၄ ရက်က ဘုရင်ကိုယ်တိုင် လက်မှတ်ထိုး အတည်ပြုလိုက်ပါတယ်။

ဒါ့ကြောင့် ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှမှာ ပထမဆုံး လိင်တူလက်ထပ်ခွင့်ပြုတဲ့နိုင်ငံ ဖြစ်လာပြီး အာရှတိုက်ရဲ့ ထိမ်းမြားခြင်းဆိုင်ရာ တန်းတူညီမှု အသိအမှတ်ပြုခံရတဲ့ အကြီးဆုံးနေရာလည်း ဖြစ်လာပါတယ်။

ထိုင်ဝမ်နဲ့ နီပေါနိုင်ငံတို့မှာလည်း လိင်တူလက်ထပ်ခွင့်ဥပဒေ ရှိတာကြောင့် ထိုင်းနိုင်ငံဟာ လိင်တူလက်ထပ်ခွင့်ရှိတဲ့ တတိယမြောက် အာရှနိုင်ငံ ဖြစ်လာပါတယ်။

လိင်တူလက်ထပ်မှုကို ဇွန်လက ပါလီမန်မှာ အတည်ပြုခဲ့တာဖြစ်ပြီး ထိုင်းဘုရင်က လက်မှတ်ထိုး အတည်ပြုခဲ့ပြီးနောက် ရက်ပေါင်း ၁၂၀ အကြာမှာ ဒီဥပဒေက အသက်ဝင်မှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် လိင်တူချစ်သူတွေဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၂ ရက်ကစပြီး ပထမဆုံး ထိမ်းမြားခြင်းတွေ ပြုလုပ်နိုင်မယ်လို့ ခန့်မှန်းရပါတယ်။

ဒီဥပဒေဟာ ယောကျ်ား၊ မိန်းမ၊ ခင်ပွန်း၊ ဇနီး မခွဲခြားထားသလို မွေးစားခြင်းနဲ့ အမွေပေးခြင်းတွေလည်း လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

လိင်တူထိမ်းမြားခြင်းကို နယ်သာလန်နိုင်ငံက ၂၀၀၁ ခုနှစ်က စတင် လက်ထပ်ခွင့်ပေးခဲ့တာ ဖြစ်ပြီး လက်ရှိအချိန် ကမ္ဘာပေါ်မှာ လိင်တူထိမ်းမြားခွင့်ရတဲ့ နိုင်ငံပေါင်း ၃၀ ကျော် ရှိပြီဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာလည်း ဒီလို လိင်တူလက်ထပ်ခွင့်ရဖို့ လှုပ်ရှားမှုတွေ နှစ် ၂၀ ကြာအောင် ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013