တရုတ်ဗဟိုဘဏ်ဟာ စီးပွားရေး အခြေအနေကို ပြန်လည်ရှင်သန်လာအောင်လုပ်ဖို့ ကျယ်ပြန့်တဲ့ ငွေကြေးလှုံ့ဆော်မှုနဲ့ အိမ်ခြံမြေစျေးကွက် ပံ့ပိုးမှုအစီအမံတွေကို စက်တင်ဘာ ၂၄ ရက်မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။
တရုတ်စီးပွားရေးဟာ ကြီးမားတဲ့ ငွေကြေးဖောင်းပွမှု ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီး အခုနှစ် တိုးတက်မှုပန်းတိုင်ကို ပျောက်ကွယ်သွားစေမယ့်အန္တရာယ် ရှိနေတယ်လို့ ရိုက်တာ သတင်းဌာနက သုံးသပ်ပါတယ်။
တခြား ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းထိန်းသိမ်းရေး အေဂျင်စီ ၂ ခုက တာဝန်ရှိသူတွေနဲ့အတူ သတင်းစာရှင်းလင်းပွဲမှာ ဘဏ်အုပ်ချုပ်ရေးမှူး ဖန်းဂွန်းရှန်းက ဗဟိုဘဏ်ဟာ အရန်ငွေအဖြစ် ဘဏ်တွေကိုင်ဆောင်ထားရမယ့် ငွေကြေးပမာဏကို အခြေခံအချက် ၅၀ နဲ့ ဖြတ်တောက်မယ်လို့ ပြောခဲ့ပါတယ်။
တရုတ်ပြည်သူ့ဘဏ်ဟာ ၇ ရက်ကြာ ငွေစုနှုန်းထားကို ၀ ဒသမ ၂ ရာခိုင်နှုန်းအမှတ်ကနေ ၁ ဒသမ ၅ ရာခိုင်နှုန်းအဖြစ် ပြောင်းလဲသတ်မှတ်မှာပါ။ အပ်ငွေနဲ့ တခြားအတိုးနှုန်းတွေလည်း ကျဆင်းသွားမှာ ဖြစ်ပါတယ်။
ဒီကြိုးပမ်းမှုက ဘယ်အချိန်မှာ စတင်အကျိုးသက်ရောက်မလဲ ဆိုတာကို ဖန်းက မဖော်ပြပါဘူး။
နှစ်ရှည် အိမ်ခြံမြေ အကျပ်အတည်းကြောင့် တရုတ်စီးပွားရေးဟာ ဒီနှစ်ရဲ့ ဒုတိယသုံးလပတ်မှာ မျှော်လင့်ထားတာထက် အများကြီး နှေးကွေးလာပြီး စားသုံးသူတွေက အလုပ်အကိုင် လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေကြပါတယ်။
Source-Reuters