ပြီးခဲ့တဲ့အပတ်ကယှဉ်ပြိုင်ကစားခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ ဘရိုက်တန်အသင်းတို့ပွဲစဉ်က ဖြစ်ရပ်တွေအပေါ် အက်ဖ်အေက ပြစ်ဒဏ်တွေ အသီးသီးချမှတ်ခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ နော်တင်ဟမ်ဖောရက်စ် ကွင်းလယ်လူ မော်ဂမ်ဂစ်ဝှိုက်က ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။
ဒါ့အပြင် နည်းပြ နူနိုဆန်းတို့စ်နဲ့ ဘရိုက်တန်နည်းပြ ဟာဇယ်လာတိုဟာလည်း မသင့်လျော်တဲ့ အပြုအမူတွေ လုပ်ဆောင်ခဲ့သလို ကွင်းလယ်ဒိုင်ကိုလည်း စော်ကေားပြောဆိုခဲ့တယ်လို့ အင်္ဂလန်အက်ဖ်အေရဲ့ စွဲချက်မှာ ရေးသားထားပါတယ်။
အဆိုပါ ပုဂ္ဂိုလ် ၃ ယောက် အနေနဲ့ စက်တင်ဘာလ ၂၇ ရက် နောက်ဆုံး ထားပြီး ဖြေရှင်းချက်ပေးရမယ်လို့ အက်ဖ်အေရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
Photo-Reuters