ပရဟိတဂေဟာတွေက အလွဲသုံးစား အလုပ်ခံ၊ လျစ်လျူရှုခံနေရတဲ့ ကလေးတွေကို မလေးရှား အာဏာပိုင်တွေက ထပ်ပြီး ကယ်တင်နိုင်ခဲ့လို့ ကယ်တင်ခံရတဲ့ ကလေးဦးရေ ၅၇၂ ယောက် ရှိသွားပြီလို့ ရဲစစ်ဆေးရေးမှူးချုပ် ရာဇာရူဒင် ဟူစိန်က စက်တင်ဘာ ၂၃ ရက်မှာ ပြောပါတယ်။
အစ္စလာမ္မစ်လုပ်ငန်းစုနဲ့ ပတ်သက်နေတဲ့ ပရဟိတ ဂေဟာတွေကနေ နောက်ထပ် ကလေး ၁၈၇ ယောက်ကို အာဏာပိုင်တွေက ကယ်တင်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ အီကွမ် ဝန်ဆောင်မှုနဲ့ စီးပွားရေး (GISB) က ထိပ်တန်း အုပ်ချုပ်သူအဖွဲ့ဝင်တွေ အပါအဝင် လူကြီး ၁၅၆ ယောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ရာဇာရူဒင်က ပြောပါတယ်။
မလေးရှားကျွန်းဆွယ်က ပြည်နယ်တလွှားမှာ ပစ်မှတ်ထားတဲ့ အဆောက်အအုံ ၂၈၀ ကို ရှာဖွေ ဖော်ထုတ်ပြီး စီးနင်းခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။
“လူမှုဝန်ထမ်းဦးစီးဌာနဟာ ကယ်ဆယ်ခံရတဲ့ ကလေးတွေအတွက် ဘေးကင်းလုံခြုံတဲ့ နေအိမ် ၁၁ လုံးကို ဖွင့်လှစ်ထားပြီ” လို့လည်း ရာဇာရူဒင်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။0
GISB ကုမ္ပဏီဟာ အမျိုးအစားထုတ်မပြောတဲ့ ဥပဒေတချို့ကို ချိုးဖောက်ပြီး လိင်တူဆက်ဆံတဲ့အမှု တခု နှစ်ခု ဖြစ်ခဲ့တယ်လို့ အမှုဆောင်အရာရှိချုပ်က အသိအမှတ်ပြု ဝန်ခံပေမဲ့ GISB ဟာ ကျယ်ပြန့်တဲ့ ပြုကျင့်မှုဆိုင်ရာ စွပ်စွဲချက်တွေကိုတော့ ငြင်းဆိုထားပါတယ်။
Source-Reuters