ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးဟာ ဒီတပတ် အမေရိကန်ခရီးစဉ်အတွင်း လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်ကိုရော သမ္မတလောင်း ၂ ယောက်စလုံးကိုပါ ယူကရိန်းရဲ့ ‘အောင်ပွဲအစီအစဉ်’ ကို တင်ပြသွားမှာဖြစ်ပါတယ်။
ဘိုင်ဒင်နဲ့တွေ့အပြီးမှာ ကွန်ဂရက်လွှတ်တော်မှာရော ဒေါ်နယ်ထရမ့်နဲ့ ကမ်မလာဟားရစ်ကိုပါ သူ့အစီစဉ်ကို တင်ပြသွားမှာဖြစ်ပါတယ်။
ထရမ့်ပ်ဟာ အရင်က ယူကရိန်းအတွက် အမေရိကန်ထောက်ပံ့မှုကို ဝေဖန်ခဲ့ဖူးပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို ချီးကျူးခဲ့သူဖြစ်ပေမဲ့ ဇလန်းစကီးနဲ့ တွေ့ကောင်း တွေ့နိုင်တယ်လို့လည်း ပြောထားပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံလည်း တက်ရောက်မယ့် ယူကရိန်းသမ္မတဟာ အိမ်ဖြူတော်ကနေ ဒေါ်လာ ၃၇၅ သန်း စစ်ရေးအကူအညီသစ် ရဖို့လည်း ရှိနေပါတယ်။
ဒီဆောင်းဦးရာသီဟာ စစ်ပွဲရဲ့ အနာဂတ်ကို ဆုံးဖြတ်သွားမယ်လို့ ဇလန်းစကီးက X လူမှုကွန်ရက်မှာ ပို့စ်တင်ခဲ့သလို လေယာဉ်ပေါ်ကပြောတဲ့ မိန့်ခွနး်မှာလည်း ထည့်ပြောသွားပါတယ်။
မိန့်ခွန်းမှာ အောင်ပွဲအစီအစဉ်ရဲ့ အခြေခံကျတဲ့ အချက် ၃ ချက်ကို အကြမ်းဖျင်း ပြောသွားပါတယ်။
ယူကရိန်းစစ်တပ်အတွက် နောက်ထပ် လက်နက်လှူဒါန်းဖို့၊ ရုရှားကို သံတမန်ရေးနည်းနဲ့ ဖိအားပေးပြီး ငြိမ်းချမ်းရေးယူဖို့နဲ့ ၂၀၂၂ မှာ ယူကရိန်းကို ကျူးကျော်ခဲ့မှုအတွက် ရုရှားက တာဝန်ယူပေးဖို့ ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။
Source-Reuters