Home
နိုင်ငံတကာ
လက်ဘနွန်မြို့တော် ဆင်ခြေဖုံးကို အစ္စရေးက ဗုံးကြဲသဖြင့် ၃၁ ယောက်ထက်မနည်း သေဆုံး
DVB
·
September 22, 2024
Photo - REUTERS/Amr Abdallah Dalsh

လက်ဘနွန်နိုင်ငံမြို့တော် ဘေရွတ်ကို အစ္စရေးစစ်တပ်က စက်တင်ဘာ ၂၀ ရက်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ဟစ်ဇ်ဘိုလာတပ်မှူးတယောက်အပါအဝင် ၃၀ ကျော် သေဆုံးခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုအတွင်း ထိပ်တန်းဟစ်ဇ်ဘိုလာတပ်ဖွဲ့ရဲ့ တခြားအကြီးတန်း အဖွဲ့ဝင်တွေနဲ့အတူ အီဘရာဟင်မ် အာကယ်လ် သေဆုံးခဲ့ပြီး အစ္စရေးနဲ့ အီရန်ကျောထောက်နောက်ခံပြု ဟဇ်ဘိုလာအဖွဲ့တို့အကြား တနှစ်တာကြာ ပဋိပက္ခတွေ သိသိသာသာ ပြင်းထန်လာတယ်လို့ အစ္စရေးစစ်တပ်နဲ့ လက်ဘနွန် လုံခြုံရေးသတင်းရင်းမြစ် တခုက ပြောပါတယ်။

ကယ်ဆယ်ရေးလုပ်သားတွေနဲ့ တူးဖော်ရေးသမားတွေဟာ စက်တင်ဘာ ၂၁ ရက် မနက်ပိုင်းက အပျက်အစီးတွေကို စူးစမ်းလေ့လာခဲ့ကြပြီး ပေါက်ကွဲမှုအတွင်း လူ ၃၁ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

အစ္စရေးဟာ မြောက်ပိုင်းနယ်စပ်မှာ စစ်ပွဲအဆင့်သစ်ကို စတင်နေပြီလို့ အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအတ်ဗ် ဂေါလန့်ထ်က လူမှုကွန်ယက်မီဒီယာ X မှာ ရေးသားခဲ့ပါတယ်။

“ဒေသခံတွေ ဘေးကင်းကင်းအိမ်ပြန်လာနိုင်ရေး ကျနော်တို့ရဲ့ ရည်မှန်းချက် အောင်မြင်တဲ့အထိ အဆင့်သစ်မှာ ဆက်လက် လုပ်ဆောင်သွားမယ်” လို့လည်း သူက ရေးခဲ့ပါတယ်။

ပါလက်စတိုင်းတို့နဲ့ စည်းလုံးညီညွတ်တဲ့အနေနဲ့ အစ္စရေးကို ဟစ်ဇ်ဘိုလာက အောက်တိုဘာလမှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီချိန်ကစလို့ အစ္စရေး-လက်ဘနွန်နယ်စပ် နှစ်ဖက်စလုံးက နေအိမ်တွေကနေ လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ဟဇ်ဘိုလာတွေနဲ့ စစ်ရေးထိတွေ့မှု အရှိန်ပြင်းလာတဲ့အပေါ် စိုးရိမ်တယ်လို့ ဂါဇာမှာ ပြန်ပေးဆွဲ ခံထားရတဲ့ ဓားစာခံတွေရဲ့ မိသားစုတွေက စက်တင်ဘာ ၂၁ရက်က တဲလ်အဗီမြို့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ကြသလို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက သူ့ရဲ့ နိုင်ငံရေး ရှင်သန်ရပ်တည်နိုင်ရေးအတွက် ဓားစာခံတွေရဲ့ အသက်တွေကို စတေးနေတယ်လို့လည်း သူတို့က စွပ်စွဲခဲ့ကြပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013