Home
နိုင်ငံတကာ
ဟားရစ်၏ မူဝါဒများကြောင့် ကြက်ဥဈေးတက်ဟု ဗင့်စ်ဝေဖန်
DVB
·
September 22, 2024
Photo - Reuters

လက်ရှိ အမေရိကန်ဒုတိယသမ္မတဖြစ်တဲ့ ဒီမိုကရက်ပါတီကိုယ်စားပြု သမ္မတလောင်း ကမ်မလာဟားရစ်ရဲ့ မူဝါဒတွေကြောင့် ကြက်ဥဈေးတက်ကုန်ပြီလို့ ရီပတ်ဘလီကန်ကိုယ်စားပြု ဒုတိယသမ္မတလောင်း ဂျေဒီဗင့်စ်က ဝေဖန်ခဲ့ပါတယ်။ 

ဗင့်စ်ဟာ  ပင်ဆီလ်ဗေးနီးယားက ကုန်စုံဆိုင်တခုကို သားတွေနဲ့အတူ ဈေးသွားဝယ်ချိန်မှာ ဘိုင်ဒင်-ဟဲရစ် အစိုးရရဲ့ စီးပွားရေးကိုင်တွယ်ပုံကို ထောက်ပြဝေဖန်သွားတာ ဖြစ်ပါတယ်။ 

ဟဲရစ်တို့ အစိုးရမတက်မီမှာ ကြက်ဥတကတ်ကို ၁ ဒေါ်လာခွဲပဲ ကျခဲ့ပေမဲ့ အခုတော့ ၄ ဒေါ်လာ တောင် ပေးနေရတယ်လို့ ကြက်ဥတကတ်ကို ကိုင်ပြီး ဗင့်စ်က ဝေဖန်ခဲ့ပါတယ်။  

သူ့သားတွေဟာ တမနက်ကို ကြက်ဥ ၁၄ လုံးလောက်ကုန်ကြောင်းနဲ့ ကမ်မလာဟားရစ်ရဲ့ မူဝါဒတွေကြောင့် ဈေးကြီးရတာဖြစ်ကြောင်း ဗင့်စ်က စွပ်စွဲခဲ့ပါတယ်။ 

ရွေးကောက်ပွဲကို အဆုံးအဖြတ်ပေးနိုင်တဲ့ ပြည်နယ် ၇ ခုထဲက တခုဖြစ်တဲ့ ပင်ဆီလ်ဗေးနီးယားမှာ  ဗင့်စ်ရော၊ ဒီမိုကရက်ဒုသမ္မတလောင်း တင်မ်ဝေါ့ဇ်ပါ မဲဆွယ်နေကြပြီး စစ်တမ်းတွေအရ ပင်ဆီလ်ဗေးနီးယားမှာ ဟဲရစ်ဘက်က အနည်းငယ်သာနေပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013