အာဆင်နယ်အသင်းအနေနဲ့ ဆုဖလားရယူနိုင်ခြင်းမရှိခဲ့ဘူးဆိုရင် အမေ့ခံအသင်းဖြစ်သွားလိမ့်မယ် လို့ အင်္ဂလန်နောက်ခံလူဟောင်း နဗီးလ်က သုံးသပ်ပြောသွားပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ၂ ရာသီဆက်တိုက် ပရီးမီးယားလိဂ်ဆုဖလားကို စိန်ခေါ်နိုင်ခဲ့ပေမဲ့ အဆုံးသတ်မှာ မန်စီးတီးကို မယှဉ်နိုင်ဘဲ အရှုံးပေးခဲ့ရလို့ ဒုတိယဆုတွေနဲ့သာ ကျေနပ်ခဲ့ရတာပါ။
ခြေစွမ်းကောင်းမွန်နေတဲ့ အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ် သို့မဟုတ် ချန်ပီယံလိဂ် ဆုဖလားတလုံး မရခဲ့ဘူးဆိုရင် သမိုင်းထဲမှာ တင်ကျန်ရစ်မှာမဟုတ်ဘဲ အမေ့ခံအသင်း ဖြစ်သွားမယ်လို့ နဗီးလ်က ပြောပါတယ်။
အာဆင်နယ်အနေနဲ့ ချန်ပီယံဖြစ်ဖို့အတွက် တနင်္ဂနွေနေ့မှာ ကစားရမယ့် မန်စီးတီးကို အနိုင်ယူနိုင်ဖို့ လိုအပ်ပြီး ကောင်းမွန်တဲ့အသင်းတသင်းဆိုတာ ပြသနိုင်ဖို့ လိုအပ်ကြောင်း နဗီးလ်က ပြောသွားပါတယ်။
Photo-Reuters