အာဆင်နယ်နဲ့ပွဲစဉ်မှာ မန်စီးတီးကွင်းလယ်ကစားသမား ကီဗင်ဒီဘရိုင်း ပါဝင်ကစားနိုင်ဖို့ မသေချာဘူးလို့ သိရပါတယ်။
ဒီဘရိုင်းဟာ အင်တာမီလန်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် ဆက်လက်မကစားနိုင် တော့ဘဲ လူစားလဲခဲ့ရတာပါ။
ဒဏ်ရာအခြေအနေကို စစ်ဆေးပြီးတဲ့နောက်မှာ ပွဲကစားဖို့ အဆင်သင့်မဖြစ်သေးကြောင်း အသင်းဆရာဝန်က အကြောင်းကြားလာခဲ့တယ်လို့ နည်းပြဂွါဒီယိုလာက ပြောပါတယ်။
အသက် ၃၃ နှစ်ရှိ ဒီဘရိုင်းဟာ မနှစ်ကရာသီက တံကောက်ကြောဒဏ်ရာကြောင့် ရာသီဝက် နီးပါး အနားယူခဲ့ရဖူးပါတယ်။
မန်စီးတီးနဲ့ပွဲမှာ အာဆင်နယ်ကွင်းလယ်လူ အိုဒီဂတ်ဟာလည်း ခြေကျင်ဝတ်ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။
Photo-Reuters