ပရီးမီးယားလိ ဂ်တာဝန်ရှိသူတွေအနေနဲ့ အသင်းကြီးတာ၊ ငယ်တာ မခွဲခြားဘဲ မန်စီးတီးအသင်းနဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်ချမှတ်ဖို့ လာလီဂါဥက္ကဋ္ဌက တိုက်တွန်းသွားပါတယ်။
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ဘဏ္ဍာရေးစည်းမျဉ်း ၁၁၅ ချက်ကို ချိုးဖောက်ခဲ့မှုနဲ့ ပတ်သက်ပြီး တရားရုံးမှာ ပြန်လည်စစ်ဆေးမှု ခံနေရတာပါ။
ပရီးမီးယားလိဂ် တာဝန်ရှိသူတွေအနေနဲ့ အသင်းကြီးတာ၊ ငယ်တာ၊ အရေးကြီးတာ၊ မကြီးတာတွေကို မခွဲခြားဘဲ ထိုက်တန်တဲ့အပြစ်ပေး အရေးယူမှု လုပ်ဆောင်ဖို့ လိုအပ်ပြီး အဲဒီလို မလုပ်ဆောင်ဘူးဆိုရင် ပြိုင်ပွဲရဲ့ အခွင့်အာဏာ ဆုံးရှုံးသွားမှာဖြစ်တယ်လို့ စပိန်လာလီဂါဥက္ကဋ္ဌ ယာဗီယာတီဘက်စ်က ပြောပါတယ်။
မန်စီးတီးရဲ့ ဘဏ္ဍာရေးချိုးဖောက်မှု ၁၁၅ ချက် ထဲမှာ အချက် ၅၄ ချက်က ဘဏ္ဍာရေးဆိုင်ရာ စာရင်းအင်းတွေကို တိကျမှန်ကန်မှုရှိရှိ တင်ပြဖို့ ပျက်ကွက်ခဲ့တာဖြစ်ပြီး အချက် ၃၅ ချက်ကတော့ ပရီးမီးယားလိဂ်ရဲ့ စုံစမ်းစစ်ဆေးမှုကို ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တာတွေ ပါဝင်တယ်လို့ သိရပါတယ်။