ပွဲစဉ်ဇယားကျပ်တည်းနေတဲ့အပေါ် ပေါ်တူဂီနဲ့ မန်စီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားက ဝေဖန်သွားပါတယ်။
မန်စီးတီးအသင်းဟာ အခုနှစ်ရာသီမှာ ပြိုင်ပွဲစုံ ၆၈ ပွဲနဲ့ အထက် ယှဉ်ပြိုင် ကစားသွားရဖို့ရှိနေတာပါ။
အခုတပတ်မှာ နိုင်ငံတကာပွဲစဉ်တွေ ယှဉ်ပြိုင်နေသလို ဥရောပ ချန်ပီယံလိဂ်မှာလည်း ၆ ပွဲကနေ ၈ ပွဲအထိ ပွဲအရေအတွက် တိုးမြှင့်ကစားသွားရမှာပါ။
ပွဲစဉ်ဇယား ရေးဆွဲထားမှုတွေက ရူးသွပ်စရာကောင်းပြီး အင်္ဂလန်လိဂ်ဖလားပွဲစဉ်မတိုင်ခင် တရက်ပဲ နားရက် ရမှာဖြစ်သလို တရာသီစလုံး ၃ ရက်ကို ၁ ပွဲနှုန်း ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ကြောင်း ဘာနာဒိုဆေးလ်ဗားက ပြောပါတယ်။
ပွဲစဉ်တွေ အများကြီးရှိနေတာက အင်ပြည့်အားပြည့်ကစားနိုင်ဖို့ အလွန်ခက်ခဲမှာဖြစ်သလို မိသားစု နဲ့ မိတ်ဆွေသူငယ်ချင်းတွေကို အချိန်ပေးမှု ရှားပါသွားမှာဖြစ်ကြောင်း ဘာနာဒိုဆေးလ်ဗားက ပြောသွားပါတယ်။
အခုနှစ်ဘောလုံးရာသီကစတင်ပြီး အရင်နှစ်တွေကထက် ပွဲစဉ်တွေပိုများလာတဲ့အပေါ် တခြား ကစားသမားတွေနဲ့ ဘောလုံးကျွမ်းကျင်သူတွေကလည်း ဝေဖန်နေကြပါတယ်။
Photo-Reuters