Home
မြန်မာသတင်း
ရန်ကုန်တွင် Dark Shadow အဖွဲ့က တော်လှန်ရေးရဲဘော် ၂ ဦး ဖမ်းဆီးခံရ
DVB
·
September 20, 2024
စစ်ကောင်စီ မှော်ဘီလေတပ်စခန်း

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မှော်ဘီလေတပ်စခန်းကို စက်တင်ဘာ ၁၅ ရက် ညမှာ ရှော့တိုက်ဒုံး အသုံးပြုပြီး တိုက်ခိုက်ဖို့သွားတဲ့ Dark Shadow အဖွဲ့က တော်လှန်ရေးရဲဘော် ၂ ယောက် စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

ပြည်သူတွေရဲ့ နေအိမ်တွေနဲ့ စစ်ရှောင်စခန်းတွေကို နေ့စဉ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် မှော်ဘီလေတပ်စခန်းကို တိုက်ခိုက်ဖို့ ပြင်ဆင်နေချိန်မှာပဲ ရဲဘော် ၂ ယောက် ဖမ်းဆီးခံရပြီး အခုအချိန်ထိ အဆက်အသွယ် ပြတ်နေတဲ့အပြင် ရဲဘော်တွေနဲ့ပတ်သက်တဲ့ သတင်းလည်း မကြားရသေးဘူးလို့ Dark Shadow အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“မှော်ဘီလေတပ်ကို တိုက်ခိုက်ဖို့အတွက် ပစ္စည်းဆင်နေတုန်း စစ်ကောင်စီဘက်က ကင်းလှည့်ချိန်မှာ မိသွားတာပါ။ ၂ ယောက်က အဆက်အသွယ် လုံးဝပြတ်ပြီး မိသွားတဲ့ အခြေအနေပါ။ ကျန်ရှိ‌‌နေတဲ့ ရဲဘော်တချို့ လွတ်မြောက်ပါတယ်။ အခု safe zone ကို ရောက်နေပါပြီ။”

Dark Shadow အဖွဲ့‌အနေနဲ့ အခက်အခဲတွေ ကြားထဲကနေ ကြိုးစားပြီး စစ်ကောင်စီနဲ့ ပတ်သက်သမျှကို တိုက်ခိုက်သွားမယ်လို့လည်း ပြောပါတယ်။

မှော်ဘီလေတပ်ကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့တာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမတကြိမ်မှာလည်း တိုက်ခိုက်မှု ရုပ်သိမ်းခဲ့ရတယ်လို့ တာဝန်ရှိသူက ဆက်ပြောပါတယ်။

“ပထမအကြိမ်ကလည်း စီစဉ်အပြီးမှာ လူအသွားအလာကြောင့် အဆင်မပြေ‌တော့လို့ mission ဖျက်သိမ်းပြီး ဆုတ်ခွာခဲ့ရပါတယ်။ ကျနော်တို့အနေနဲ့ကတော့ အရှေ့မှာလည်း ကျနော်တို့ ရဲဘော်တချို့ အသက်ပေးခဲ့ရတဲ့ ဝမ်းနည်းစရာဖြစ်စဉ်တွေရှိလို့ အခက်အခဲတွေ ကြားကနေပဲ စစ်ကောင်စီကို ကြိုးစားတိုက်ခိုက်သွားမှာပါ။”

Dark Shadow အဖွဲ့ဟာ လွန်ခဲ့တဲ့ ဇွန် ၁၁ ရက် ညကလည်း Urban Freedom စစ်ဆင်ရေးအနေနဲ့ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013