ရုရှားနိုင်ငံ၊ တဗီးယားဒေသက အဓိက လက်နက်တိုက်တခုမှာ ယူကရိန်းရဲ့ အကြီးစား ဒရုန်းတိုက်ခိုက်မှုကြောင့် ငလျင်လှုပ်တဲ့အရွယ်ရှိတဲ့ ပေါက်ကွဲမှုကြီးတရပ် ဖြစ်ပွားခဲ့ပါတယ်။
စက်တင်ဘာ ၁၈ ရက်က ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ကြောင့် အနားမှာရှိတဲ့မြို့က လူတွေပါ နေရာရွှေ့ပြောင်းခဲ့ရတယ်လို့ ရုရှားစစ်ဘလော့ဂါတွေနဲ့ မီဒီယာအချို့က ဖော်ပြပါတယ်။
လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုနဲ့ ဓာတ်ပုံတွေအရ ညအချိန် ကောင်းကင်ယံမှာ မီးဘောလုံးကြီး တောက်လောင်ပေါက်ကွဲနေသလိုမျိုး မြင်တွေ့ခဲ့ရပါတယ်။
မော်စကိုကနေ မိုင် ၂၄၀ ကွာတဲ့အရပ်မှာရှိတဲ့ ကန်ကြီးတခုအနီးက စက်ရုံမှာ ပေါက်ကွဲမှုတွေ မိုးခြိမ်းသလို ဖြစ်နေတာကိုလည်း မြင်ခဲ့ရပါတယ်။
နာဆာ ဂြိုဟ်တုဓာတ်ပုံတွေအရ စက်ရုံတဝိုက် ၅ မိုင်ပတ်လည်မှာ ပြင်းထန်အပူလှိုင်း ထွက်ရှိခဲ့တာကို အတည်ပြုနိုင်ပါတယ်။
ငလျင်တိုင်းတာရေးစခန်းတွေရဲ့ တိုင်းတာချက်အရလည်း အဲဒီဧရိယာတဝိုက်မှာ ငလျင်အသေးစားလေး လှုပ်ခတ်သွားတာကို တိုင်းတာမိခဲ့ပါတယ်။
ရုရှားလိုလားတဲ့ စစ်ဘလော့ဂါ ယူရို ပိုလ်ဒိုလ်ယာကာကတော့ တိုရိုပက်စ်ဒေသက လက်နက်တိုက်ကို ရန်သူ့လက်ချက်ထိမှန်ခဲ့ပြီး လောင်စရာရှိတာ အကုန်လောင်သွားပြီလို့ ရေးသားထားပါတယ်။
Source-Reuters