လက်ဘနွန်နိုင်ငံထဲက ဟစ်ဇ်ဘိုလာအဖွဲ့ကို ပစ်မှတ်ထားတဲ့ ထောင်နဲ့ချီတဲ့ ပေဂျာတွေကို တပြိုင်နက် ဖောက်ခွဲလိုက်တဲ့ လုပ်ရပ်ဟာ အီရန် ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာ အဖွဲ့အစည်းအတွင်း နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်လာတာကို ပြထားတယ်လို့ အစ္စရေး ဆိုက်ဘာကျွမ်းကျင်ပညာရှင်တယောက်က စက်တင်ဘာ ၁၈ ရက်မှာ ပြောပါတယ်။
တိုက်ခိုက်မှုနောက်ကွယ်က အဖွဲ့အစည်းဟာ ဒီစစ်ဆင်ရေးကို အကောင်အထည်ဖော်ရာမှာ ကောင်းမွန်တဲ့ စစ်ဆင်ရေးနဲ့ ထောက်လှမ်းရေးစွမ်းရည်တွေကို ပြသခဲ့ပြီး လူအများအပြားနဲ့ အစီအစဉ်ဆွဲဖို့ အတော်ကြာကြာ အချိန်ယူခဲ့တယ်လို့ ဟိုလွန် နည်းပညာတက္ကသိုလ် H.I.T က ဆိုက်ဘာအကြီးအကဲ ဒေါက်တာ ဟာရဲမယ်နာရှရီနဲ့ တယ်လ်အဗီ တက္ကသိုလ်က ကထိက တယောက်တို့က ပြောခဲ့ပါတယ်။
ဒီလိုဖောက်ခွဲမယ့် အစီအစဉ်ကို စစ်ပွဲစဖို့ အကွက်ရွှေ့မှုအနေနဲ့ အစပိုင်းမှာသုံးဖို့ စီစဉ်ထားတယ်လို့ ယုံကြည်လို့ စစ်ဆင်ရေးကို အကောင်အထည်ဖော်တာ ရှေ့တိုးဖို့ တွန်းအားပေးခဲ့တာလို့ မေနာရှရီက သုံးသပ် ပြောဆိုပါတယ်။
တိုက်ပွဲကို ဖော်ဆောင်တဲ့ အဖွဲ့အစည်းက ထိန်းချုပ်ထားတဲ့ အသိပညာနဲ့ စွမ်းရည်တွေက ဒီစစ်ဆင်ရေးကို အားနည်းချက်အဖြစ် ဖော်ထုတ်နိုင်တယ်လို့လည်း သူက ပြောပါတယ်။
အစ္စရေးရဲ့ မော့ဆက် အေဂျင်စီဟာ စက်တင်ဘာ ၁၇ ရက် ဗုံးခွဲမှုမတိုင်မီ လ အနည်းငယ် အလိုမှာ ဟစ်ဇ်ဘိုလာတွေက တင်သွင်းလာတဲ့ ပေဂျာတွေအတွင်း ဖောက်ခွဲရေးပစ္စည်းတွေ ထည့်သွင်းခဲ့လို့ လူ ၉ ေယာက်သေဆုံးပြီး လူပေါင်း ၃,၀၀၀ နီးပါး ဒဏ်ရာရခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ တိုက်ခိုက်ရေးသမား အများအပြားနဲ့ လက်ဘနွန်နိုင်ငံဆိုင်ရာ အီရန်သံတမန်တို့လည်း ဒဏ်ရာရခဲ့ကြပါတယ်။
Source-Reuters