Home
နိုင်ငံတကာ
ထိုင်း ၄၆ ခရိုင်တွင် ရုတ်တရက် မိုးသည်းထန်ပြီး တောင်ကျရေများ ကျနိုင်ဟု သတိပေး 
DVB
·
September 18, 2024

ထိုင်းနိုင်ငံ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသရှိ  ခရိုင်ပေါင်း ၄၆ ခုမှာ  လာမယ့် စက်တင်ဘာ ၁၉ မှ ၂၅ ရက်နေ့တွေအတွင်း ရုတ်တရက် မိုးသည်းထန်တာ၊ တောင်ကျ ချောင်းရေ ကျဆင်းတာတွေ ဖြစ်ပေါ်နိုင်တယ်လို့ ထိုင်းနိုင်ငံ ရေအရင်းအမြစ်ဌာနက စက်တင်ဘာ ၁၈  မှာ ထုတ်ပြန်သတိပေးထားကြောင်း ထိုင်းPBS သတင်းမှာ ဖော်ပြပါတယ်။

တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်တည်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ စက်တင်ဘာ ၂၀ မှ ၂၁ ရက်အတွင်း အားပြင်းတဲ့ အပူပိုင်းမုန်တိုင်းအဖြစ် ပြောင်းလဲပြီး ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကို ဝင်ရောက်နိုင်မယ်၊ အဲဒီနောက် အတိုင်းအတာတခုထိ အားပျော့ပြီး ထိုင်းနိုင်ငံ အရှေ့‌မြောက်ပိုင်း၊ မြောက်ပိုင်း၊ ဘန်ကောက်အနီးတဝိုက်ဧရိယာ၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ မိုးပိုမိုလာပြီး တချို့နေရာမှာ သည်းထန်စွာရွာသွန်းမယ်လို့ ဆိုပါတယ်။ 

စက်တင်ဘာ ၁၉ မှ ၂၅ ရက်နေ့တွေအတွင်း ရေကြီးရေလျှံတာ၊ မြေပြိုတာနဲ့ တောင်ကျ ချောင်းရေတွေ သတိထားရမယ့်ဒေသတွေထဲမှာ ထိုင်းမြောက်ပိုင်း ချင်းရိုင်းခရိုင်  (ချင်းရိုင်း၊ မယ်ဆိုင်၊ ကျိန်းခေါင်၊ ကျန်းဆဲန်၊ ဝိန်းကဲန် ၊ ခွန်တန်၊ ဖယားမန်းရိုင်း၊ ဝိန်းချိုင်း နဲ့ မယ့်လောဝ်း မြို့နယ်များ)။ ချင်းမိုင် (မဲ့အိုင်း နဲ့ ချင်းဒေါင်းမြို့နယ်)၊ မယ်ဟောင်ဆောင် (မယ်ဟောင်ဆောင်၊ ပန်မဖာ့၊ ပိုင်း၊ ခွန်ယုမ်း၊ မဲ့လားနွဲ့၊ မဲ့စရီးယန်း၊ ဆွပ်မွေး)၊ တာ့ခ် (တာ့ခ်၊ ထာ့ဆောင်ယန်း၊ မဲ့လမတ်၊ မဲဆောက်၊ ဖုပ်ဖရနှင့် အုမ့်ဖန်)၊ လမ်းပန်း (ဝမ်းနေ၊ ငေါဝ်း)၊ ဖယောဝ်း (ဖယောဝ်း၊ မယ်ကျိုင်၊ ဖူးချန့်၊ ပုန်၊ ကျိုင်းခမ်း၊ ကျွန်း၊ ကျိန်းမွန့်)၊ နန့် (နန့်၊ ချလိုမ်ဖကစ်၊ ဘို၊ ထာ့ဝမ်းဖာ၊ ဝိန်းဆာ၊ ထုန့်ချန့်၊ ကျိန်းကလန်၊ ဘော်ကလေ၊ ဆောင်ခွဲ၊ ဖူးဖျိန်း)၊ ဖရဲ့ (ဖရဲ့၊ ဒဲန်ချိုင်း၊ ဆောင်၊ လောင်း၊ ဝမ်းချင့်)၊ ဥဒရာဒစ် (ဥဒရာဒစ်၊ လပ်လဲ၊ ဖိချိုင်း၊ ထောင်းဆဲန်ချန်း၊ ထာ့ပလာ)၊ ဗိစနုလုတ် (ချတ်တကန်၊ နခွန်းထိုင်း၊ နိန်းမပလန်)၊ ဖစ်ချဘွန်း (ဖစ်ချဘွန်း၊ လုမ်ကောဝ်၊ လုမ်ဆဒ် မြို့နယ်) တို့ ပါဝင်ပါတယ်။

ထိုင်းအရှေ့မြောက်ပိုင်းမှာတော့ လွေး၊ နောင်ခိုင်း၊ ဘင်ကန်၊ ဥဒွန်းဌာနီ၊ စကွန်းနခွန်း၊ နခွန်းဖနုန်၊ ချိုင်းယဖုမ်း၊ ခွန်ကဲန် (ခွန်ကဲန်မြို့နယ်)၊ နခွန်းရာ့ချ်မား၊ ကားလ်ဆင်၊ မုဒ်တာဟန်၊ မဟာဆာရခမ်း၊ လွဲ့အစ်၊ ယာ့ဆိုထွဏ်း၊ အမ်းနတ်ကျရွန်း၊ ဆူရင်း၊ ဆီစကစ် ၊ ဥဘွန်းရာ့ချ်ဌာနီ စတဲ့ခရိုင်တွေဖြစ်ပြီး  ထိုင်းအရှေ့ပိုင်းကတော့ နခွန်းနားယုဒ်၊ ပရာကျင်းပူရီ၊ ဆရကယောက်၊ ချွန်းပူးရီး၊ လယောင်း၊ ကျန်ထပူရီ၊ တရတ်  စတဲ့ခရိုင်တွေ ဖြစ်ပါတယ်။

ထိုင်‌တောင်ပိုင်းမှာတော့ ချွန်းဖွန်း၊ ရနောင်း (ရနောင်း၊ ကရပူရီ ၊ လအွန်၊ ကပွေ့ ၊ ဆုခ်ဆမ်ရန်)၊ ဖန်င (ဖန်၊ ခုရပူရီ၊ တကွာပါ၊ ကရပုန်း၊ ထိုက်မုန်)၊ ဖူးကက် (ဖူးကက်၊ ကထု၊ ကလန်)၊ စူရတ်ဌာနီ (စူရတ်ဌာနီ၊ ဆီရီရတ်နိခုမ်း၊ ဖွန်းဖိန်း၊ ဖရဆိုင်၊ ဝိန်းဆ)၊ ကရပိ၊ နခွန်းဆီထမရတ်၊ တရန်း၊ ဖတ်ထလုန်း၊ ဆဒွန်း  စတဲ့ခရိုင်တွေ ပါဝင်ပါတယ်။ 

ဒါ့အပြင် ဆည်မြောင်း၊ တူးမြောင်း၊ တာတမံမှ ရေကို စဉ်ဆက်မပြတ် စောင့်ကြည့်ဖို့၊ မိုးလေဝသနှင့်ရာသီဥတုအခြေအနေကို သတိထားစောင့်ကြည့်ဖို့၊ အထူးသဖြင့် မိုးရေချိန် ၉၀ မီလီ မီတာအထက်ရှိ ‌ဒေသအခြေအနေကို ၂၄ နာရီစောင့်ကြည့်ဖို့၊ ရေထိန်းနံရံတွေအား ခိုင်ခံ့အောင် ပြုပြင်ထိန်းသိမ်းဖို့၊ ကယ်ဆယ်ရေးအဖွဲ့တွေ အသင့်ပြင်ရန်လည်း နှိုးဆော်ထားပါတယ်။ 

ထိုင်းပင်လယ်အော်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လှိုင်းအမြင့် ၂ မှ  ၄ မီတာထိ မြင့်တက် နိုင်တယ်၊ ငါးဖမ်းလှေတွေအနေနဲ့ မိုးသားကျူးတဲ့ အရပ်ဘက် လှေထွက်ခြင်းကို ရှောင်ကြဉ်ဖို့လည်း သတိပေးထားပါတယ်။ 

လုပ်သားပြည်သူတွေအနေနဲ့ မိုးဇလဗေဒက ထုတ်ပြန်တဲ့ မိုးလေဝသသတင်းတွေကို မျက်ခြည်မပြတ် စောင့်ကြည့်နားထောင်ဖို့လည်း အကြံပြုတိုက်တွန်းထားပါတယ်။ 

Source: ThaiPBS

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013