မန်စီးတီးအသင်းစွပ်စွဲခံထားရတဲ့ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုကို စတင်စစ်ဆေးတော့မယ့် အပေါ် ပျော်ရွှင်ကျေနပ်ကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။
မန်စီးတီးအသင်းဟာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်းမှာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေး စည်းမျဉ်း ၁၁၅ ချက်ကို ချိုးဖောက်ခဲ့ကြောင်း စွပ်စွဲခံထားရပြီး အဲဒီအမှုကို လာမယ့် စက်တင်ဘာ ၁၆ ရက်မှာ စတင်စစ်ဆေးမှာပါ။
မန်စီးတီးဘက်က စည်းမျဉ်းချိုးဖောက်ခြင်း ရှိ၊ မရှိကို တရားရုံးက ဆုံးဖြတ်သွားမှာဖြစ်ပြီး မကြာခင် အပြီးသတ်နိုင်မယ်လို့ မျှော်လင့်ကြောင်း ဂွါဒီယိုလာက ပြောပါတယ်။
စီးတီးရဲ့ အမှုကို ၁၀ ပတ်ကြာ ကြားနာစစ်ဆေးဖို့ရှိပြီး လာမယ့် ၂၀၂၅ ခုနှစ်ရောက်မှ အပြီးသတ် စီရင်ချက် ချဖို့ရှိတယ်လို့ သိရပါတယ်။
မန်စီးတီးအသင်းကို ၂၀၀၈ ခုနှစ်က အဘူဒါဘီအုပ်စုက ဝယ်ယူပြီးနောက်ပိုင်း အမှတ်ပေးဖလား ၈ ကြိမ် ရရှိခဲ့ပြီး ချန်ပီယံလိဂ် ဆုဖလားအပါအဝင် တခြားပြည်တွင်းဆုဖလားတွေလည်း ရယူနိုင်ခဲ့ ပါတယ်။
Photo-Reuters