Home
နိုင်ငံတကာ
မက္ကဆီကိုတွင် မူးယစ်ဂိုဏ်းအချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ဈေးနှင့် ကျောင်းများပိတ်
DVB
·
September 12, 2024
Photo -REUTERS

မက္ကဆီကိုနိုင်ငံအနောက်ပိုင်း ဆီနာလိုအာပြည်နယ်အတွင်း ဂိုဏ်းအချင်းချင်း ပစ်ခတ်မှုတွေ ဖြစ်ပွားနေတာဟာ ဂိုဏ်းစစ်ပွဲ ပေါ်ပေါက်လာတော့မလားလို့ စိုးရိမ်နေကြပြီး ဒါဟာ ဇူလိုင်လတုန်း က ဂန္ထဝင် မှောင်ခိုဘုရင် အစ္စမဲလ် အယ်လ်မာယို ဇမ်ဘာဒါ ဖမ်းဆီးခံရမှုနဲ့ ဆက်စပ်နေနိုင်တယ်လို့ မက္ကဆီကိုသမ္မတ အန်ဒရေးစ် မန်နူရယ် လိုပက်ဇ် အိုဘရာဒေါက ပြောပါတယ်။

“ဒါဟာ အသွင်ကူးပြောင်းရေးလို့ မျှော်လင့်ထားတဲ့ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပြီး အားလုံးကို တာဝန် သိသိ ဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်” လို့ သမ္မတ အိုဘရာဒေါက ပြောပါတယ်။

မက္ကဆီကို အာဏာပိုင်တွေဟာ အင်္ဂါနေ့က ဆီနာလိုအာဂိုကို နောက်ထပ် အထူးတပ်ဖွဲ့ဝင် စစ်သား ၉၀ စေလွှတ်ခဲ့တာကြောင့် ဇမ်ဘာဒါ အဖမ်းခံရချိန်ကတည်းက ပြည်နယ်ကို စေလွှတ်လိုက်တဲ့ လက်ရွေးစင်တပ်ဖွဲ့ဝင် အရေအတွက်မှာ ၆၀၀ နီးပါးအထိ ရှိလာခဲ့ပါတယ်။

အစိုးရဟာ ဒီဖြစ်စဉ်တွေကို စောင့်ကြည့်နေပြီး တည်ငြိမ်မှုရှိစေဖို့ အရေးယူ ဆောင်ရွက်နေကြောင်း လည်း သမ္မတ အိုဘရာဒေါက ပြောပါတယ်။

စက်တင်ဘာ ၉ ရက်က စစ်သားတယောက်နဲ့ အရပ်သား ၂ ယောက် သေဆုံးခဲ့ကြောင်း အာဏာပိုင် တွေက ပြောကြားခဲ့ပါတယ်။ မော်တော်ကားတွေနဲ့ စီးပွားရေးလုပ်ငန်း အများအပြား ပစ်ခတ်ခံ ရပါတယ်။ 

ကူလီယာကန်မြို့ဟာ စက်တင်ဘာ ၁၀ ရက် မနက်မှာ တည်ငြိမ်မှု ပြန်ရရှိခဲ့ပေမဲ့ တချို့ ဈေးဆိုင်တွေဟာ နေ့လယ်ပိုင်းမှာ ပိတ်သွားခဲ့ပါတယ်။

မြို့ပြလမ်းပန်းဆက်သွယ်ရေး မရှိ၊ စီးပွားရေးလုပ်ငန်းတွေ ပိတ်ထားရပြီး ကျောင်းတွေ၊ စာသင်ခန်း တွေကို ရပ်နားထားရပါတယ်။

ဇူလိုင် ၂၅ ရက်မှာ ဇမ်ဘာဒါ အဖမ်းခံရချိန်ကတည်းက ဆီနာလိုအာဂိုဏ်းမှာ စစ်ပွဲ ဖြစ်ပွားတော့မယ်လို့ လေ့လာသူတွေက ခန့်မှန်းခဲ့ကြတာပါ။

ဆီနာလိုအာ ဂိုဏ်းဘုရင်ဟောင်း ဟွာကင်းန် အယ်လ်ချာပို ဂုဇ်မန်းရဲ့ သားတွေ ဦးဆောင်နေတဲ့ အယ်လ်မာယိုနဲ့ လော့စ်ချာပီတိုစ် ဂိုဏ်းကြီးတွေဟာ ပြိုင်ဘက်အဖွဲ့ ဇမ်ဘာဒါရဲ့ အပိုင်စားနယ်မြေ တွေထဲကို ဩဇာထူထောင်ဖို့ ဝင်ရောက်ခြောက်လှန့်ခဲ့ကြတယ်လို့ ဆီနာလိုအာအခြေစိုက် လုံခြုံရေးအရာရှိတယောက်က ပြောပါတယ်။

ဇမ်ဘာဒါကို သစ္စာခံတဲ့ တိုက်ခိုက်ရေးသမားတွေက လော့စ်ချာပီတိုစ် ဂိုဏ်းဝင်တွေကို တိုက်ခိုက်ခဲ့ ကြတယ်လို့ တချို့မီဒီယာတွေက ရေးသားဖော်ပြပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013