နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်းမှာ စက်တင်ဘာ ၈ ရက်က လောင်စာဆီတင်ကားတစီး ပေါက်ကွဲပြီး လူ ၄၈ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီက ပြောပါတယ်။
လောင်စာဆီတင် ထရပ်ကားဟာ ခရီးသွားတွေနဲ့ ကျွဲနွားတွေကို တင်ဆောင်လာတဲ့ ကုန်ကားနဲ့ တိုက်မိခဲ့တာလို့ နိုင်ဂျာပြည်နယ် အလယ်ပိုင်းက ပြည်နယ် အရေးပေါ် စီမံခန့်ခွဲရေး အေဂျင်စီက ပြောပါတယ်။ မတော်တဆမှုအတွင်း တခြားယာဉ်အများအပြားလည်း ထိခိုက်ခဲ့တယ်လို့ သူက ပြောပါတယ်။
သေဆုံးသူ ၄၈ ယောက်ရှိခဲ့ပြီး တာဝန်ရှိသူတွေက အခင်းဖြစ်ပွားရာနေရာကို ရှင်းဖို့ ကြိုးပမ်းနေဆဲလို့ အေဂျင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဟူစိန်နီ အီဘရာဟင်က ပြောပါတယ်။
နိုင်ဂျီးရီးယားရဲ့ နိုင်ငံပိုင် NNPC ကုမ္ပဏီဟာ ပြီးခဲ့တဲ့သီတင်းပတ်က ဓာတ်ဆီစျေးနှုန်း အနည်းဆုံး ၃၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တနှစ်ကျော်အတွင်း ဒုတိယအကြိမ် မြင့်တက်ခဲ့တာပါ။
ဒါပေမဲ့ လောင်စာဆီပြတ်တောက်မှုတွေ ဆက်ဖြစ်ခဲ့ပြီး နိုင်ငံရဲ့မြို့ကြီးတွေမှာ ဆီဝယ်နိုင်ဖို့ ကားတွေ နာရီပေါင်းများစွာ တန်းစီနေရပါတယ်။
Source-Reuters