Home
နိုင်ငံတကာ
ကင်ညာက ဘော်ဒါဆောင် မီးလောင်မှု လူ ၂၁ ဦး ထက်မနည်း သေဆုံး
DVB
·
September 8, 2024
Photo - Edwin Walta/REUTERS

ကင်ညာနိုင်ငံအလယ်ပိုင်းက ဘော်ဒါဆောင်တခု မီးလောင်ပြီးနောက် လူ ၂၁ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ အစိုးရရောဂါဗေဒပညာရှင်တယောက်က စက်တင်ဘာ ၇ ရက်မှာ ပြောလိုက်ပါတယ်။

ကုသမှု ခံယူနေတဲ့ လူ ၂ ယောက်ကို လက်လျှော့လိုက်ရလို့ သေဆုံးသူဦးရေ တိုးလာတယ်လို့ အစိုးရ ရောဂါဗေဒ ပညာရှင် ယိုဟန်ဆန် အိုဒူးရ်ဝါ က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

မြို့တော်နိုင်ရိုဘီ ကနေ ၉၃ မိုင် အကွာမှာရှိတဲ့ ကျောင်းသားငယ်တွေအတွက် အဆောင်ဖြစ်တဲ့ နိုင်ယဲရီမြို့က ဟီးလ်ဆိုဒ် အန်ဒါရာရှာ ကျောင်းမှာ မီးလောင်ခဲ့တာဖြစ်ပြီး အဆောင်က ယောက်ျားလေးတွေဟာ ၄ ​​တန်းကနေ ၈ တန်းအထိ၊ အသက် ၉ နှစ်ကနေ ၁၃ နှစ်အရွယ်အထိရှိတဲ့ ကလေးတွေလို့  အစိုးရပြောရေးဆိုခွင့်ရှိသူ အီဆက် မာအူရာ က ပြောပါတယ်။ 

အဆောင်မှာ ကျောင်းသား ၁၅၆ ယောက် ထားရှိတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024