Home
မြန်မာသတင်း
တောင်ခမ်း မစခ ၉၀၂ ကို TNLA သိမ်းပိုက်၊ စစ်သားအများအပြားသေဆုံး
DVB
·
September 5, 2024
Photo Crd-PSLF/TNLA

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနဲ့ နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီ တောင်ခမ်း အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ ၉၀၂) ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ TNLA က စက်တင်ဘာ  ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီအမြောက်တပ်တွေဖြစ်တဲ့ ၂၀၆၊ ၃၅၄၊ ၄၀၆၊ ၉၀၂ တပ်တွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့အတွက် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က စစ်တပ်သံချပ်ကာတွေကို အသုံးပြုခဲ့ပြီး လက်နက်နဲ့အလောင်းတွေ သိမ်းဆည်းရရှိခဲ့တဲ့ ဗီဒီယို မှတ်တမ်းကို ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီ တောင်ခမ်းတပ်စခန်းတိုက်ပွဲကို TNLA က စစ်ဦးစီးမှူး ဒုတိယဗိုလ်မှူးကြီး တားမဝေါနဲ့ တပ်မဟာမှူး (၆) ဒုတိယဗိုလ်မှူးကြီး တာမောရှန်တို့ဦးဆောင်ပြီး သြဂုတ် ပထမပတ်က စတင်ကာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တောင်ခမ်းကျေးရွာရှိ အမြောက်တပ်ရင်း ၄ ခုအနက် အမြောက်တပ် ၄၀၆ နဲ့ ၂၀၆ တို့ကို ပြီးခဲ့တဲ့သြဂုတ် ၂၈ ရက်မှာ TNLA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး အမြောက်တပ် ၉၀၂ တပ်ကို ထပ်မံသိမ်းပိုက်ခဲ့တာပါ။ 

ကျန်ရှိနေတဲ့ အမြောက်တပ် ၃၅၄ ကို ဆက်လက် တိုက်ခိုက်နေကြောင်း TNLA က သတင်းထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဘက်မှ နောင်ချိုမြို့နယ်အတွင်းကို စစ် အင်အားဖြည့်တင်းဖို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတာဖြစ်ပြီး လေကြောင်းနဲ့လည်း လက်နက်ခဲယမ်းတွေအပြင် ရိက္ခာများချပေးတာနဲ့ ပစ်ကူပေးတာတွေကို လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ ၉၀၂) သိမ်းပိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013