ရှေ့လာမယ့် ပွဲစဉ် ၂ ပွဲက နည်းပြတန်ဟတ်ဂ်ရဲ့ အနာဂတ်ကို ဆုံးဖြတ်လိမ့်မယ်လို့ အင်္ဂလန် တိုက်စစ်မှူးဟောင်း အလန်ရှီးယားက သုံးသပ်သွားပါတယ်။
မန်ယူအသင်းဟာ ပြီးခဲ့တဲ့တပတ်က လီဗာပူးအသင်းကို ၃ ဂိုးပြတ် ရှုံးနိမ့်ခဲ့တာကြောင့် နည်းပြ တန်တဟ်ဂ်ရဲ့ ဦးဆောင်မှုအပေါ် မေးခွန်းထုတ်မှုတွေ ပိုမိုကျယ်လောင်လာခဲ့တာပါ။
နည်းပြတန်ဟတ်ဂ်အနေနဲ့ လာမယ့်ပွဲစဉ် ၂ ပွဲမှာ ရလဒ်ကောင်းအောင် စွမ်းဆောင်နိုင်မှု မရှိခဲ့ဘူး ဆိုရင်တော့ မန်ယူအသင်း နည်းပြရာထူးမှာ ဆက်ရှိနေဖို့ ခက်ခဲသွားလိမ့်မယ်လို့ အလန်ရှီးယားက ပြောပါတယ်။
မန်ယူအသင်းဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲမှာ ဆောက်သမ်တန်၊ ခရစ္စတယ်ပဲလေ့ အသင်းတွေကို အဝေးကွင်းပွဲစဉ်တွေအဖြစ် ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။
Photo-Reuters