Home
နိုင်ငံတကာ
ကောလ်စင်တာ ငွေလိမ်လည်မှုများနှင့် ဆက်စပ်သည့် ထိုင်းဘဏ်အကောင့် ၃၄၀၀၀ ပိတ်ခံရ
DVB
·
September 3, 2024
Photo Crd-Nation Thailand

ထိုင်းဘဏ်လုပ်ငန်းရှင်များအသင်း (TBA) က ထိုင်းနိုင်ငံသား ၁၅,၀၀၀ ကို အမည်ပျက် စာရင်းသွင်းထားပြီး ကောလ်စင်တာငွေလိမ်လည်သူတွေအတွက် ဖွင့်လှစ်ထားတဲ့ ဘဏ် အကောင့် ၃၄,၀၀၀ ကို ဆိုင်းငံ့ပိတ်ပင်ထားတယ်လို့ The Nation ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဒါဟာ အသင်းက တီထွင်ထားတဲ့ အွန်လိုင်း Cross-Reference File (CRF) စနစ်ကို အသုံးပြုပြီးတော့ ငွေကြေးခဝါချမှုကိစ္စတွေမှာ ပါဝင်ပတ်သက်နေသူပေါင်း ၁၅,၀၀၀ ကျော်ကို ဖော်ထုတ်နိုင်ခဲ့တာဖြစ်တယ်လို့ TBA ဥက္ကဋ္ဌ ဖယောင် ဆီရိဝမ်နိက ဩဂုတ် ၂ ရက်က ပြောလိုက်တာပါ။

အဆိုပါစနစ်ဟာ ပြီးခဲ့တဲ့ ၉ လအတွင်း ကူးသန်းရောင်းဝယ်ရေးဘဏ်တွေကနေ ပေးဆောင်တဲ့ အချက်အလက်တွေကို လေ့လာခဲ့ပြီး TBA အနေနဲ့ AI အသုံးပြု CRF စနစ်နဲ့ သံသယဖြစ်ဖွယ် ဘဏ်စာရင်းတွေကို ဆိုင်းငံ့ထားနိုင်ဖို့ မျှော်လင့်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ဖယောင်က CFR စနစ်နဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံးက ပေးဆောင်တဲ့ အချက်အလက်တွေကို ကူးသန်းရောင်းဝယ်ရေးဘဏ်တွေအားလုံးက အသုံးပြုပြီး လိမ် လည်ဘဏ်စာရင်း အကောင့်ပိုင်ရှင်ကို အမည်ပျက်စာရင်းသွင်းကာ အကောင့်တွေ ရပ်ဆိုင်းတာ၊ ဒါမှမဟုတ် အပြီးတိုင် ပိတ်သိမ်းတာတွေ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

တချိန်တည်းမှာပဲ ထိုင်းနိုင်ငံဗဟိုဘဏ် လက်ထောက်အုပ်ချုပ်ရေးမှူး ရော်နာဒိုနမ်နွန်ဒါက ဘဏ်စာရင်းတွေအစား လူတဦးချင်းစီကို ပစ်မှတ်ထားကာ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးအစီအမံတွေ အဆင့်မြှင့်တင်ဖို့ ဗဟိုဘဏ်မူဝါဒကို လိုက်နာတဲ့အတွက် ကူးသန်းရောင်းဝယ်ရေးဘဏ်တွေကို ကျေးဇူးတင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သြဂုတ် ၁ ရက်မှာ CFR စနစ် အွန်လိုင်းပေါ်ထွက်ပြီးနောက် ကူးသန်းရောင်း ဝယ်ရေးဘဏ်တွေ အားလုံးဟာ အွန်လိုင်းလိမ်လည်မှုတွေကို တိုက်ဖျက်ဖို့အတွက် သတင်းအချက်အလက်တွေ တက်တက်ကြွကြွ ဖလှယ်နေကြတယ်လို့လည်း သူက ပြောပါတယ်။

Source: Nation Thailand

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013