ပြီးခဲ့တဲ့ မေလက ရဟတ်ယာဉ်ပျက်ကျပြီး အီရန်သမ္မတ အီဘရာဟင်မ်ရိုင်ဆီနဲ့ အခြား ၇ ယောက် သေဆုံးခဲ့ရတာဟာ ရာသီဥတုအခြေအနေ ဆိုးရွားမှုကြောင့် ဖြစ်တယ်လို့ တွေ့ရှိရကြောင်း စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို ကိုးကားပြီး အီရန်နိုင်ငံပိုင် သတင်းဌာနက ထုတ်ပြန်ပါတယ်။
နွေဦးရာသီကာလ အခင်းဖြစ်ဒေသရဲ့ ရာသီဥတုအခြေအနေဟာ ရဟတ်ယာဉ်ပျက်ကျစေတဲ့ အဓိက အကြောင်းအရင်း ဖြစ်တယ်လို့ အီရန်တပ်မတော် စစ်ရုံးဘုတ်အဖွဲ့ရဲ့ အပြီးသတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ရဟတ်ယာဉ်က တောင်နဲ့ တိုက်မိတဲ့အချိန်ဟာ ထူထဲတဲ့ မြူနှင်းတွေ ရုတ်တရက် အပေါ်ကို တက်လာတဲ့အချိန် ဖြစ်တယ်လို့ ဆိုပါတယ်။
ရဟတ်ယာဉ်အစိတ်အပိုင်းတွေနဲ့ စနစ်ပိုင်းမှာ အဖျက်အမှောင့်လုပ်ထားတာ တစုံတရာ မတွေ့ရဘူးလို့လည်း ဖော်ပြပါတယ်။
ရိုင်ဆီနဲ့အတူ နိုင်ငံခြားရေးဝန်ကြီး ဟိုစိန် အမီရ်အဗ္ဗဒူလာဟင်မ် အပါအဝင် အစိုးရ တာဝန်ရှိသူတွေဟာ အီရန်အနောက်မြောက်ပိုင်း တောင်ထူထပ်တဲ့ ဒေသကို သွားရောက်စဉ် ရဟတ်ယာဉ်ပျက်ကျ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
Source-Reuters