တိုက်စစ်မှူး လူကာကူဟာ နာပိုလီအသင်းနဲ့ ပထမဆုံးပွဲစဉ်မှာပဲ လူစားဝင်ကစားပြီး ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
နာပိုလီအသင်းက တန်းတက် ပါးမားအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရတဲ့ပွဲစဉ်မှာ လူကာကူက အသင်းအတွက် အရေးပါတဲ့ ချေပဂိုး သွင်းယူနိုင်ခဲ့တာပါ။
လူကာကူဟာ ပွဲချိန် ၆၂ မှာ လူစားဝင် ကစားခဲ့တာဖြစ်ပြီး ၉၂ မိနစ်မှာ ချေပဂိုးသွင်းခဲ့တာပါ။ ပွဲချိန် ၉၆ မိနစ်မှာ နာပိုလီအသင်းက အနိုင်ဂိုးရခဲ့ပြီး နောက်ကျဂိုးတွေနဲ့အတူ နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။
ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ နှစ်ရာသီဆက်တိုက် စီးရီးအေမှာ အငှား သွားရောက်ကစားခဲ့ရပြီး အခုနှစ်ရာသီမှာ နာပိုလီအသင်းဆီ အပြီး သတ်ပြောင်းရွှေ့ခဲ့တာပါ။
နာပိုလီအသင်းနဲ့ ပရိသတ်တွေအတွက် ကစားရတာက ဂုဏ်ယူစရာကောင်းပြီး နွေးထွေးစွာ ကြိုဆိုပေးခဲ့တာတွေအတွက် ကျေးဇူးတင်ရှိကြောင်း ပွဲအပြီးမှာ လူကာကူက ပြောသွားပါတယ်။