မက္ကဆီကို အနောက်ပိုင်းမြို့ ကူလီယာကန်မှာ သြဂုတ် ၂၉ ရက်က မူးယစ်ဂိုဏ်း သေနတ်သမား တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာကြောင့် လမ်းမကြီးတွေကို ပိတ်ဆို့ကာ မော်တော်ယာဉ်တွေကို မီးတင်ရှို့မှုတွေ ကျယ်ပြန့်လာပါတယ်။
ကူလီယာကန်မြောက်ဖက်ရှိ ဂျေးဆပ်စ် မာရီယာမြူနီစီပယ်နယ်မြေကို ခရီးသွားနေတုန်း ကြာသပတေးနေ့ မွန်းလွဲပိုင်းမှာ စစ်တပ်ကို တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး စစ်တပ်ကင်းလှည့်ကား တစီး တိမ်းမှောက်သွားတယ်လို့ ဆီနာလိုအာပြည်နယ်ရဲ့ အစိုးရက ပြောကြားခဲ့ပါတယ်။
အဲဒီနောက် စစ်တပ်နဲ့ အရပ်သားတွေကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ စတင်ခဲ့ပြီးတော့ ပစ်ခတ်မှု အတွင်း စစ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆီနာလိုအာရဲ့ ပြည်သူ့လုံခြုံရေး အတွင်းရေးမှူးရုံးက ပြောပါတယ်။
မူးယစ်ဂိုဏ်း လက်နက်ကိုင်အဖွဲ့ဟာ အဝေးပြေးလမ်းမကြီးတွေကို ကုန်တင်ကားတွေ၊ ဘတ်စ်ကား တွေနဲ့ မီးရှို့ပိတ်ဆို့ထားကြတာကြောင့် မြို့တလျှောက်လုံး အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုတွေနဲ့ ပရမ်းပတာဖြစ်သွားခဲ့ရပါတယ်။
အဲဒီနေရာဟာ မက္ကဆီကို မူးယစ်ဆေးဘုရင် ဟွာကင်းန် အလ်ချာပိုဂုဇ်မန်းရဲ့ သား အိုဗီဒီယို ဂုဇ်မန်း ကို ၂၀၂၃ ခုနှစ်မှာ ဖမ်းဆီးခံခဲ့ရတဲ့နေရာ ဖြစ်ပါတယ်။
Source-Reuters