Home
မြန်မာသတင်း
ရန်ကုန်နှင့်မန္တလေးတို့တွင် ဆီတန်းစီနေရပြန်၊ မြို့အချို့က ဆီဆိုင်များ ပိတ်ထားရ
DVB
·
August 31, 2024
car1_31082024
max_31082024
car_31082024
Motorcycle_31082024

ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာ စက်သုံးဆီရရှိဖို့ ထပ်မံတန်းစီနေရပြီး မြို့အချို့မှာတော့ စက်သုံးဆီရောင်းစရာမရှိလို့ ဆိုင်တွေပိတ်ထားရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ရန်ကုန်နဲ့မန္တလေးမြို့တို့မှာ တတိယအကြိမ်မြောက်အဖြစ် စက်သုံးဆီရရှိဖို့ တန်းစီနေကြရပြီး မန္တလေးမြို့ကတော့ ရန်ကုန်မြို့ထက် ပိုမိုဆိုးရွားတဲ့အခြေအနေကို ရင်ဆိုင်နေကြရကာ အဓိကအားဖြင့် 92 Ron နဲ့ 95 Ron တို့မရရှိဘဲ ဒီဇယ်သာဝယ်ယူလို့ရတဲ့ အခြေအနေဖြစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့ခံတယောက်က “ဒီဇယ်ဆိုရင်ထည့်မယ့်ကားကို မရှိဘူး။ အဓိကပြတ်တာက ဓာတ်ဆီ။ သုံးဘီးတွေလည်း ဆိုင်တွေမှာပုံနေတာပဲ” လို့ ပြောပါတယ်။

ရန်ကုန်မြို့မှာလည်း ဒီနေ့မနက်ကစပြီး ဆီရဖို့ ပြန်လည်တန်းစီနေရပြီဖြစ်ပြီး ကားအစီးအရေတော့ အရမ်းမများသေးဘဲ ယခင်အခေါက်ကလို ညအိပ်တန်းစီရမယ့် အခြေအနေမျိုး မကြုံဖို့အတွက် ကြိုတင်စုဆောင်းထားဖို့ ရန်ကုန်မြို့မှ ယာဉ်မောင်းတွေက တိုက်တွန်းထားပါတယ်။

ပရီမီယာကော်ဖီမစ်ကုမ္ပဏီက ရောင်း/မောင်းဝန်ထမ်းတယောက်က “ဆီကတော့စပြတ်နေပြီ။ လောလောဆယ်တော့ ကားအရမ်းမများသေးဘူး။ အခုချိန်အထိတော့ ဒီဇယ်ကားဆိုရင် တသိန်းဖိုးလောက်အထိ ဝယ်လို့ရနေသေးတယ်။ ဓာတ်ဆီသမားတွေကတော့ ကြိုစုထားတာ ပိုကောင်းမယ်” လို့ ပြောပါတယ်။

ဒါ့အပြင် တောင်ကြီး၊ ဘားအံလိုမြို့တွေမှာလည်း စက်သုံးဆီရရှိဖို့ ခက်ခဲလာပြီး ဘားအံမြို့မှာဆိုရင် စက်သုံးအရောင်းဆိုင်အချို့ ပိတ်ထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဓာတ်ဆီ၊ ဒီဇယ် စက်သုံးဆီတွေရဲ့ ပြည်တွင်း လက်ကျန်အခြေအနေနဲ့ ပြည်ပကနေ ဝင်ရောက်လာမယ့် ဆီတင်သင်္ဘော အခြေအနေတွေအရ စက်သုံးဆီ ပြတ်လပ်မှာမဟုတ်ဘူးလို့  စစ်ကောင်စီက ဩဂုတ် ဒုတိယအပတ်မှာ ထုတ်ပြန်ခဲ့ပေမဲ့ အခုအခါ ဆီတန်းစီရတာမျိုး ထပ်မံဖြစ်ပေါ်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013