Home
သတင်းဓာတ်ပုံ
မဲလ်ဘုန်းမြို့  “သတ္တိနှင့်ပွင့်လန်း ချစ်သောပန်းများ”ရုပ်ရှင်ပြပွဲမှ ရန်ပုံငွေ ဒေါ်လာ ၂၆၀၀၀ ကျော်ရ 
DVB
·
August 28, 2024

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ဩဂုတ်၂၄ ရက်က ကျင်းပတဲ့ “သတ္တိနှင့်ပွင့်လန်း ချစ်သောပန်းများ” ရုပ်ရှင်ပြကနေ  ရန်ပုံငွေ ဩစတြေးလျ ဒေါ်လာ ၂၆၀၀၀ ကျော်ရရှိခဲ့ပါတယ်။

ရုပ်ရှင်ပြပွဲကို Support for Myanmar from Australia & Singapore က ဦးဆောင်ပြုလုပ်တာဖြစ်ပြီး ရရှိလာတဲ့ ရန်ပုံငွေတွေကို မြန်မာနိုင်ငံအတွင်း လိုအပ်နေသူတွေကို ကူညီထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

Artists' Shelter အဖွဲ့က စီစဉ်တင်ဆက်တဲ့ သတ္တိနဲ့ပွင့်လန်းချစ်သောပန်းများ ရုပ်ရှင်ဇာတ်လမ်းတိုပြပွဲတွေမှာ Together၊  ငါတို့မှာ ငါတို့ပဲရှိတယ်၊ The Unknown Infinity၊ Guilt စတဲ့ ရုပ်ရှင်ဇာတ်လမ်းတို ၄ ခုကို ပြသခဲ့တာပါ။

သတ္တိနဲ့ပွင့်လန်းချစ်သောပန်းများ Acoustic Music Concert ကို အွန်လိုင်းကတဆင့် ပြုလုပ်ခဲ့ပြီးနောက်မှာ တော်လှန်ရေးရန်ပုံငွေ ပိုမိုရရှိရေးအတွက် ရုပ်ရှင်ဇာတ်လမ်းတိုတွေကို နိုင်ငံတကာမှာပြသပြီး ရန်ပုံငွေရရှိဖို့ ပြည်ပရောက်အနုပညာရှင်တွေ စုစည်းထားတဲ့ Artists' Shelter က ကြိုးစားနေတာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013