Home
နိုင်ငံတကာ
ဩစတြေးလျတွင် ဟိုတယ်ကို ရဟတ်ယာဉ်ဝင်တိုက်ပြီး ရဟတ်ယာဉ်မောင်း သေဆုံး
DVB
·
August 12, 2024
Photo - Reuters

ဩစတြေးလျနိုင်ငံ၊ ကွင်းစလန်ပြည်နယ်က ခရီးသွားအလာများတဲ့ ကန့်ဇ်မြို့ကလေးမှာ ရဟတ်ယာဉ်တစင်းဟာ ဟိုတယ်ခေါင်မိုးကို ဝင်တိုက်မိပြီး မောင်းသူ သေဆုံးခဲ့ပါတယ်။

DoubleTree by Hilton ဟိုတယ်ကို ဩဂုတ် ၁၂ ရက် ကူးခါစ မနက် ၁ နာရီ မိနစ် ၅၀ မှာ ဝင်တိုက်ခဲ့တာဖြစ်ပြီး မီးလောင်တဲ့အတွက် ဧည့်သည် ၄၀၀ လောက်ပါ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ရဟတ်ယာဉ်မောင်းနှင်သူဟာ ခွင့်ပြုချက်မရှိဘဲ မောင်းနှင်ခဲ့တာဖြစ်တယ်လို့ ရဟတ်ယာဉ်စင်းလုံးငှားကုမ္ပဏီ Nautilus Aviation က ထုတ်ပြန်ပါတယ်။ ရဲတပ်ဖွဲ့ကတော့ ဖြစ်စဉ် အကြောင်းရင်းကို စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ရဟတ်ယာဉ်ဟာ မတိုက်ခင်မှာ ဟိုတယ်နား နိမ့်နိမ့်လေးကနေ နှစ်ခါတောင် ဖြတ်ပျံသွားတယ်လို့ မျက်မြင်ကြုံလိုက်ရသူတွကလည်း ပြောပါတယ်။

ရဟတ်ယာဉ်ပန်ကာဒလက်နှစ်ခုဟာ တိုက်မိတဲ့အရှိန်ကြောင့် ပြုတ်ထွက်ပြီး ဟိုတယ်တွင်းက လျှောက်လမ်းနဲ့ ဟိုတယ် ရေကူးကန်ထဲ ပြုတ်ကျခဲ့တယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်ကြောင့် ထိတ်လန့်သွားတဲ့ အသက် ၈၀ နဲ့ ၇၀ ဝန်းကျင် ဧည့်သည်နှစ်ဦး ဆေးရုံပို့ခဲ့ရပေမဲ့ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

ကွင်းစလန်မြောက်ပိုင်းက ကန့်ဇ်မြို့ကလေးဟာ မဟာသန္တာကျောက်တန်းနဲ့ နီးတာကြောင့် ခရီးသွားအလာများတဲ့ နေရာတခု ဖြစ်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013